Sandwich  ဆိုရင် အသားနဲ့ ချိစ်တွေလောက်ပဲ စားကြတာများပါတယ်။ ဒါကြောင့် ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင် သင့်ကိုဝိတ်ကျသွားစေမယ့် အရသာအရှိဆုံး Sandwich နှစ်မျိုး ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ သူက သစ်သီးတွေနဲ့ အဓိကပြုလုပ်ထားတဲ့အတွက် ၀ိတ်တက်မှာကို စိတ်မပူရတော့ဘူးပေါ့။

Peanut Butter Sandwich

ပထမ Sandwich အတွက် ပေါင်မုန့် ၂ချပ်ကိုယူပြီး ပေါင်မုန့်တစ်ချပ်ကို Peanut Butter – စားပွဲတင်ဇွန်း ၁ ဇွန်းစာစီ ထည့်သုတ်ပေးပါ။ ပြီးရင်တော့ ငှက်ပျောသီးတစ်လုံးကို ပါးပါးလေးတွေလှီးပြီး တင်ပေးပါ။ အပေါ်ကနေမှ ဘယ်ရီသီး (သို့) စတော်ဘယ်ရီသီးကိုလှီးပြီး တင်ပေးပါ။

ပေါင်မုန့်နှစ်ချပ်ကိုထပ်ပြီး ဒယ်အိုးထဲထည့်ကာ ကြော်ပေးပါ။ ကြော်တဲ့အခါမှာ ခဏလေးထားပြီး ဟိုဘက်ဒီဘက်လှန်ပေးလိုက်ရုံပါပဲ။ ဆီထည့်စရာမလိုပါဘူး။ ဒယ်အိုးထဲကထုတ်တာနဲ့ နှစ်ပိုင်းပိုင်းပြီး စားသုံးနိုင်တဲ့ Peanut Butter Sandwich ကို ရရှိသွားပါပြီ။

Creamy Sandwich

ဒုတိယ Sandwich အတွက် ပေါင်မုန့် ၂ ချပ်ကိုယူပါ။ အဆီထုတ်ထားတဲ့ ခရင်မ်ချိစ် – စားပွဲတင်ဇွန်းတစ်ဇွန်းစာကို ပေါင်မုန့်တစ်ချပ်ပေါ်မှာ သုတ်ပေးပြီး နောက်ပေါင်မုန့်တစ်ချပ်မှာတော့ Peanut Butter – စားပွဲတင်ဇွန်းတစ်ဇွန်းယူကာ သုတ်ပေးပါ။

အပေါ်ကနေ Blueberries သီး (သို့) စပျစ်သီးတွေကိုတင်ပေးပါ။ နောက်ဆုံးမှာတော့ ပေါင်မုန့် ၂ ချပ်ကိုထပ်ပြီး ခုနကလိုပဲ ဒယ်အိုးထဲထည့်ကာ ဟိုဘက်ဒီဘက်လှန်ပြီး ကြော်ပေးပါ။ ပြီးရင်တော့ ခုနကလိုပဲ နှစ်ပိုင်းပိုင်းပြီး အသင့်စားသုံးနိုင်တဲ့ Creamy Sandwich ကို ရရှိသွားပါပြီ။

Photo Source: www.theseriousfitness.com

အခုပြောပြပေးသွားတဲ့ Sandwich နှစ်မျိုးလုံးဟာ သင့်ကိုဝိတ်မတက်စေပဲ ၀ိတ်ပါကျသွားစေမယ့် Sandwich တွေပါ။ ဒီထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေကိုတော့ City Mart တွေမှာ အလွယ်တကူနဲ့ ၀ယ်ယူနိုင်ပါတယ်။