ချောကလက်ကြိုက်ရင်တော့ Nutella လည်း ကြိုက်ကြမှာပါ။ ဒါကြောင့် အိမ်မှာ Nutella ရှိရုံနဲ့ မနက်စာအတွက် လွယ်လွယ်ကူကူ အာဟာရှိတဲ့မုန့် လုပ်စားနိုင်မယ့်နည်းလမ်း ၂ မျိုးကို ပြောပြပေးလိုက်ပါတယ်။ မနက်စာက လုံးဝအလွတ်မခံသင့်ပါဘူး။ တစ်နေ့တာလုံးအတွက် မနက်စာက အရေးကြီးပါတယ်။ မနက်စာကို အာဟာရရှိတာ စားသင့်ပါတယ်။

ပေါင်မုန့်လုပ်တဲ့အပြားလေးကို လေးခုရအောင် တစ်စောင်းလေးလှီးလိုက်ပါ။ Nutella တစ်ဇွန်းတင်ပြီး လိပ်လိုက်ပါ။ မုန့်ဖုတ်မယ့်ဗန်းထဲတန်းစီထည့်ပြီး ထောပတ်နည်းနည်းစီ လိုက်သုတ်ပေးပါ။ ပြီးတာနဲ့ မုန့်ဖုတ်စက်ထဲမှာ မိနစ် ၂၀ ထည့်ဖုတ်ပေးပါ။ မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ စားသုံးနိုင်ပါပြီ။

ပေါင်မုန့်တစ်ချပ်ယူပြီး တစ်ဖက်မှာ ထောပတ်သုတ်ပါ။ နောက်တစ်ဖက်မှာ Nutella သုတ်ပြီး ငှက်ပျောသီးတွေလှီးတင်ပါ။ နောက်ပေါင်မုန့်တစ်ချပ်မှာလည်း ထောပတ်တစ်ဖက်သုတ်ပြီး Nutella တစ်ဖက်သုတ်ပါ။ Nutella သုတ်ထားတဲ့ဘက်ကို ငှက်ပျောသီးတင်ထားတဲ့ ပေါင်မုန့်မှာ ထပ်လိုက်ပါ။ ဒယ်အိုးထဲကို ထောပတ်တစ်ဇွန်းထည့်ပြီး အရည်ပျော်တာနဲ့ ပေါင်မုန့်ကို ထည့်ကြော်ပါမယ်။

ပြီးတာနဲ့ အလယ်ကနေတစ်စောင်းလေးလှီးပြီး စားသုံးနိုင်ပါပြီ။ နွားနို့သောက်ပြီး စားရင်တော့ အာဟာရပိုရှိတာပေါ့။

Source: www.5minutecrafts