(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ရေခဲမုန့် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ငှက်ပျောသီး ချောကလက်ရေခဲမုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ဒီငှက်ပျောသီး ချောကလက်ရေခဲမုန့်ပြုလုပ်ဖို့အတွက်ဆိုရင် ပါဝင်ပစ္စည်း နှစ်မျိုးတည်းရှိရုံနဲ့ အရသာရှိတဲ့ ရေခဲမုန့်ကို မိမိအိမ်မှာပဲ အလွယ်တကူလုပ်စားနိုင်ပါပြီ။
ပါဝင်ပစ္စည်းများ
  • ငှက်ပျောသီးမှည့် ၄ လုံး
  • Nutella စားပွဲတင်ဇွန်း ၄ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ငှက်ပျောသီးကို အခွံခွာပြီး အနေတော်အတုံးများ တုံးထားလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ကာ အနှစ်များ ဖြစ်အောင် မွှေပေးလိုက်ပါ။
၂။ ဒုတိယအဆင့်အနေနဲ့ Nutella စားပွဲတင်ဇွန်း ၄ ဇွန်းကို သစ်သီးဖျော်စက်ထဲထည့်ကာ ငှက်ပျောသီးနဲ့အတူ ခရင်မ်အနှစ်များဖြစ်အောင် မွှေပေးလိုက်ပါ။
၃။ ရရှိလာတဲ့ ငှက်ပျောသီး ချောကလက်ခရင်မ်ကို လေလုံဘူးထဲထည့်ကာ အဖုံးပိတ်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာ အအေးခန်းထဲထည့်ပြီး အအေးခံထားလိုက်ပါ။
အေးခဲသွားပြီဆိုရင်တော့ ရေခဲမုန့်ခပ်တဲ့ ဇွန်းဖြင့် ခပ်ထုပ်ကာ အရသာရှိရှိ စားသုံးနိုင်ပါပြီ။
Source: Twopeasandtheirpod.com
(Zawgyi)
ပါဝင်ပစ္စည်းများ