ပါစတာလုပ်ရတာ လုပ်နည်းသိရင် အရမ်းလွယ်ကူပါတယ်။ သူက ပါဝင်ပစ္စည်းနှစ်မျိုးထဲကို အဓိကသုံးပြီး အရသာရှိတဲ့ပါစတာကောင်းတစ်ခွက် ပြုလုပ်နိုင်ပါတယ်။ အိမ်မှာ မုန့်လုပ်စားရတာဝါသနာပါရင်တော့ ဒီနည်းလမ်းလေးကို လေ့လာကြည့်လိုက်ပါ။

စတင်ပြုလုပ်ဖို့အတွက် Mozzarella လို့ခေါ်တဲ့ချိစ်တစ်မျိုးကို တစ်ခွက်စာယူပြီး အရည်ပျော်သွားအောင် Microwave ထဲ တစ်မိနစ်လောက်ထည့်လိုက်ပါ။ Microwave ထဲကထုတ်တာနဲ့ ကြက်ဥတစ်လုံးဖောက်ထည့်ပြီး သမအောင်နယ်ပါ။

ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း ဆီစုပ်စက္ကူကို ဗန်းတစ်ခုပေါ်ဖြန့်ချပြီး နယ်ထားတာတွေကို ပြားပြားလေးဖြစ်အောင်ဖိချပြီး ခေါက်ဆွဲပြားလောက်လေးတွေဖြစ်အောင် ဓားနဲ့လှီးပေးပါ။

အားလုံးကိုလှီးပြီးရင်တော့ ရေခဲသေတ္တာထဲ ခဏထည့်ထားလိုက်ပါ။ ရေခဲသေတ္တာထဲကထုတ်တာနဲ့ အိုးထဲထည့်ပြီး ပြုတ်လို့ရပါပြီ။ နူးလောက်ပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်လိုက်ပါ။

ပန်းကန်ထဲထည့်ပြီးရင်တော့ အပ်ါကနေ သင်ကြိုက်နှစ်သက်ရာ ဆော့စ်တစ်ခုခုဆမ်းပြီး ကြိုက်နှစ်သက်ရာ Topping တွေထည့်စားလို့ရပါတယ်။

Photo Source: www.tasty.com