အုန်းသီးရေခဲမုန့် ပြုလုပ်ဖို့အတွက် နွားနို့တွေ ထောပတ်တွေ မလိုင်ဖတ်လေးတွေ စတဲ့ ပါဝင်ပစ္စည်းအများအပြား လိုအပ်မှာပေါ့လို့ ထင်ကောင်းထင်ကြ ပါလိမ့်မယ်။

တကယ်တော့ ပါဝင်ပစ္စည်းအများအပြား မလိုအပ်ပါဘူး။ အုန်းသီးခရင်မ်ရယ် Heavy Cream ရယ် နှစ်မျိုးတည်း ရှိရုံနဲ့တင် အရသာရှိတဲ့ အုန်းသီးရေခဲမုန့်ကို ပြုလုပ်နိုင်ပါတယ်။

စာဖတ်သူတို့လည်း အုန်းသီးရေခဲမုန့်ကို မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျလုပ်စားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပြုလုပ်နည်းလေးကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • အုန်သီးခရင်မ် ၁၄ အောင်စ
  • Heavy Cream ၁၆ အောင်စ (ပန်းကန်လုံးအသေး ၂ ခွက်စာ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Heavy Cream အေးအေးလေးကို လျှပ်စစ်မွှေစက်ဖြင့် အရှိန်ပြင်းပြင်းထားကာ ခရင်မ်ထိပ်ဖျားပိုင်းက တောင့်တောင့်တင်းတင်းလေးဖြစ်သွားသည်အထိ မွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့ Heavy Cream များကို အုန်သီးခရင်မ်များဖြင့် သမအောင် ရောနှောလိုက်ပါ။

၃။ အုန်သီးခရင်မ်အရောအနှောများကို လင်ဗန်းတစ်ခုထဲ ထည့်ပါ။ မျက်နှာပြင်ညီညာအောင် ညှိပြီးနောက် ရေခဲသေတ္တာထဲတွင် တစ်ညတာခန့် အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အုန်းသီးရေခဲမုန့်လေး ရရှိသွားပါပြီ။

စားခါနီးကျမှ အုန်းသီးဖတ်လေး အနည်းငယ်ထည့်ကာ အလှဆင်ပြီး အရသာရှိရှိ စားသုံးနိုင်ပါတယ်။

Source: Kirbiecravings.com