ရေခဲမုန့်ကို ထွေထွေထူးထူးဘာမှထည့်နေစရာမလိုပဲ လွယ်လွယ်ကူကူလုပ်စားလို့ရစေမယ့် ရေခဲမုန့်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်လုပ်စားမယ့်အသီးနဲ့ ပျားရည်နဲ့ နှစ်မျိုးပဲလိုတာဆိုတော့ Blender သာရှိရင် ကြိုက်တဲ့အချိန် လုပ်စားလို့ရတာပေါ့။

စတော်ဘယ်ရီရေခဲမုန့်

စတော်ဘယ်ရီ – ၁ ပေါင်ကို အလယ်အူတိုင်တွေထုတ်ပြီး နှစ်ခြမ်းခြမ်းကာ ဗန်း (သို့) ပန်းကန်တစ်ခုထဲထည့်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ တစ်နာရီလောက် ထည့်ထားလိုက်ပါ။ ရေခဲသေတ္တာထဲကထုတ်တာနဲ့ Blender ထဲထည့်ပြီး ပျားရည် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာကို ထည့်မွှေပါ။

ပြီးရင်တော့ ခွက် (သို့) ဘူးတစ်ခုထဲထည့်ပြီး အဖုံးပိတ်ကာ ရေခဲသေတ္တာထဲမှာ ၄ နာရီလောက်ထည့်ထားလိုက်ပါ။ ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဇွန်းနဲ့ခပ်ပြီး စားသုံးနိုင်ပါပြီ။

မက်မွန်သီးရေခဲမုန့်

မက်မွန်သီး – ၁ ပေါင်ကို အစေ့ထုတ်ပြီး အတုံးလေးတွေတုံးကာ ခုနကလိုပဲ ဗန်း (သို့) ပန်းကန်တစ်ခုထဲကို ထည့်ပါ။ ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထည့်ထားလိုက်ပါ။ ရေခဲသေတ္တာထဲကထုတ်တာနဲ့ ခုနကလိုပဲ Blender ထဲထည့်ပြီး ပျားရည် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာကို ထည့်မွှေပါ။

ပြီးရင်တော့ ခွက် (သို့) ဘူးတစ်ခုထဲထည့်ပြီး အဖုံးပိတ်ကာ ရေခဲသေတ္တာထဲမှာ ၄ နာရီလောက်ထည့်ထားလိုက်ပါ။ ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဇွန်းနဲ့ခပ်ပြီး စားသုံးနိုင်ပါပြီ။

Photo Source: www.tasty.com