အခုဆို သရက်သီးတောင် ပေါ်နေပြီနော်။ မကြာခင်မှာ သရက်သီးမှည့်တွေ စားရတော့မှာဆိုတော့ သရက်သီးမှည့်ကို ယိုထိုးပြီးစားချင်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။
သရက်ယို
သရက်သီးကိုအခွံနွှာပြီး အတုံးလေးတွေလှီးလိုက်ပါ။
ပြီးရင် ရေ သကြားအညို သံပုယိုရည်(သို့) သံပုရာရည် ၊ သံပုယိုအခွံ (သို့) သံပုရာအခွံ နဲ့ ဂျင်းမှုန့်ကို ရောထည့်ပြီး ဆူအောင်သည်ပါ။
စောစောက လှီးထားတဲ့ သရက်သီးကိုထည့်ပါ။ ရေပွက်လာပြီဆိုရင် အပူချိန်လျှော့ပြီး သရက်သီးကို ပြဲသွားအောင်လုပ်ပါ။
အဲဒီနောက် အရည်ပျစ်လာတဲ့ထိ သည်ပါ။
ပြီးရင်အအေးခံပြီး ဘူးထဲထည့်ထားပါ။
ပန်းသီး သရက်ယို
ပန်းသီးကို အချပ် ပါးပါးလေးလှီးပြီး ရေ ၄ပုံ၁ပုံလောက်ထည့်ထားတဲ့ခွက်တစ်လုံးထဲမှာ ထည့်ပါ။ ပြီးရင် သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ပြီးရင်မိနစ် ၃၀ လောက်စိမ်ထားပါ။
သရက်သီးကို အတုံးသေးသေးလေးဆီလှီးပါ။ ပြီးရင် စောစောက ပန်းသီးစိမ်ထားတဲ့ ရေရယ်၊ သကြားအညိုရယ် ၊ သံပုယိုရည်ရယ် သံပုယိုအခွံခြစ်ရယ်၊ ဂျင်းမှုန့်အနည်းငယ်ရယ်ထည့်ပြီး ဆူအောင်သည်ပါ။
ပြီးရင်သရက်သီးထည့်ပါ။ ဆူလာပြီဆိုရင် အပူချိန်နည်းနည်းလျှော့ပြီး သရက်သီးကိုပြဲအောင်လုပ်ပေးပါ။
ပြီးရင် သရက်ရည်ပျစ်လာတဲ့ထိသည်ပါ။ အဲဒီနောက် အအေးခံပြီး အလုံပိတ်ဘူးထဲထည့်ပြီး ထားပါ။