အားလုံးပဲ မင်္ဂလာပါ။ အမဲသားဟင်းကို အချိန်အကြာကြီး နူးအိသွားတဲ့အထိ ချက်ပြုတ်ရတာ စိတ်မရှည်သူများအတွက် ဒီတစ်ခါမှာတော့ မိနစ် ၂၀ ခန့်အချိန်ပေးရုံနဲ့ ချက်ပြုတ်ပြီးစီးနိုင်တဲ့ အမဲသားမွှေကြော်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပန်းသီး (သို့) သစ်တော်သီး ၁ လုံး (နုပ်နုပ်စဉ်းထားပါ)

  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီနှင့် နုပ်နုပ်စဉ်းထားသော အမဲသားတို့ထည့်ကာ အမဲသားများ ကျက်သွားသည်အထိ မွှေကြော်ပါ။

၂။ ထို့နောက် ဂျင်းနှင့် ကြက်သွန်ဖြူတို့ ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၃။ ထို့နောက် ပန်းသီး၊ သကြား၊ ပဲငံပြာရည်တို့ထည့်ကာ ဆော့စ်အရည်များ ပျစ်သွားသည်အထိ တည်ထားရပါမယ်။

၄။ ဆော့စ်ဟင်းရည်များ ပျစ်သွားပြီဆိုရင်တော့ နှမ်းဆီ ထည့်ပါ။ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ အမဲသားမွှေကြော်လေး ရရှိသွားပါပြီ။

Source: Closetcooking.com