အားလုံးပဲ မင်္ဂလာပါ။ ရေခဲမုန့်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ချောကလက်ရေခဲမုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်း (၃) မျိုးတည်းရှိရုံနဲ့ အရသာရှိတဲ့ ချောကလက်ရေခဲမုန့်ကို ဖန်တီးပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Heavy ခရင်မ် ပန်းကန်လုံးအသေး ၂ လုံး စာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ကိုကိုးမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းတွေ ဖြစ်တဲ့ Heavy ခရင်မ်၊ ကိုးကိုးမှုန့်နှင့် ပျားရည်တို့ကို သစ်သီးဖျော်စက်ထဲထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့ ချောကလက်အနှစ်များကို လေလုံဘူးထဲတွင် ထည့်ထားကာ အလုံပိတ်ပြီးနောက် ရေခဲသေတ္တာ အအေးခန်းထဲတွင် ၄ နာရီမှ ၆ နာရီကြာသည်အထိ အအေးခံထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ချောကလက်ရေခဲမုန့်လေး ရရှိသွားပါပြီ။

ဇွန်းဖြင့် ခပ်ယူကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Almostsupermom.com