ဒူးရင်းသီးဆိုရင်တော့ တော်တော်များများကြိုက်ကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် အိမ်မှာအလွယ်ကူဆုံးနည်းလေးနဲ့ လုပ်စားလို့ရအောင် ဒူးရင်းသီးရေခဲမုန့်ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ပါဝင်ပစ္စည်းသုံးမျိုးထဲနဲ့ လွယ်လွယ်ကူကူပြုလုပ်ရတာမို့ လူတိုင်းလိုက်လုပ်ရတာ အဆင်ပြေစေမှာပါ။

ဒူးရင်းသီးရေခဲမုန့်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ လက်ဆတ်တဲ့ဒူးရင်းသီး – ၃၀၀ ဂရမ်၊ နွားနို့ – ၁၀၀ မီလီလီတာနဲ့ မုန့်လုပ်ခရင်မ် – ၂၀၀ ဂရမ်ပါ။ ဒီပစ္စည်းတွေကိုတော့ City Mart နဲ့ ဈေးတွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။

စတင်ပြုလုပ်ဖို့ ဒူးရင်းသီး – ၃၀၀ ဂရမ်ကို အထဲကအစေ့တွေဖယ်ထုတ်ပြီး အသားတွေကိုယူကာ Blender ထဲထည့်ပေးပါ။ နွားနို့ – ၁၀၀ မီလီလီတာကိုပါထည့်ပြီး မွှေပေးပါ။

Source: www.mykitchen101em.com

နောက်တစ်ဆင့်အနေနဲ့ မုန့်လုပ်ခရင်မ် – ၂၀၀ ဂရမ်ကို ပန်းကန်တစ်ခုထဲထည့်ပြီး ပျစ်သွားတဲ့အထိမွှေပေးပါ။ မွှေစက်နဲ့မွှေပေးရင်တော့ ပိုအဆင်ပြေစေမှာပါ။ မုန့်လုပ်ခရင်မ်တွေပျစ်သွားရင်တော့ Blender ထဲထည့်မွှေထားတဲ့ ဒူးရင်းသီးတွေနဲ့ ရောပြီး သမအောင်နယ်ပေးပါ။

Source: www.mykitchen101em.com

သမအောင်နယ်ပြီးသွားတဲ့အခါမှာတော့ ဘူးတစ်ဘူးထဲကိုထည့်ပြီး အဖုံးနဲ့ပိတ်ကာ ရေခဲသေတ္တာထဲမှာ ၇ နာရီလောက်ထည့်ထားပေးပါ။

Source: www.mykitchen101em.com

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဇွန်းနဲ့ယူပြီး ပန်းကန်ထဲထည့်ကာ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဒူးရင်းသီးရေခဲမုန့်ကို ရရှိသွားပါပြီ။

Source: www.mykitchen101em.com

Source: www.mykitchen101em.com