ပိတ်ရက်တွေမှာ သားသားမီးမီးလေးတွေနဲ့ ပျော်ပွဲစားထွက်မလား၊ ဒါမှမဟုတ် မိုးရွာတာနဲ့တိုးသွားလို့ အိမ်မှာပဲ မုန့်လက်ဆုံစားချင်ကြတဲ့ မိသားစုများအတွက် လွယ်ကူရိုးရှင်းတဲ့ အချိုပွဲလေးတစ်ခုပြုလုပ်နည်းကို ပြောပြပေးချင်ပါတယ်နော်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းကလည်း နည်းနည်းလေးဖြစ်ပြီးတော့ ပြုလုပ်ချိန်ကလည်း သိပ်အများကြီးအကုန်တာကြောင့် အားလုံးကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၆ လုံး
  • Cottage Cheese – ၃၆၀ ဂရမ်
  • ငရုတ်ပွသီးစိမ်ဘူး – ၂၈၅ ဂရမ်ရှိ ပုလင်း
  • ဆီ

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

၁။ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ပန်းကန်လုံးကြီးတစ်ခုထဲမှာ ကြက်ဥခြောက်လုံးနှင့် Cottage Cheese ၃၆၀ ဂရမ်တို့ကို ရောသမမွှေပေးပါ။

၂။ ပုလင်းထဲက ငရုတ်သီးတွေကို မီးဖိုချောင်သုံးစက္ကူနှင့်သုတ်ပြီးတော့ အရည်စစ်လိုက်ပါ။ ထို့နောက် ပါးပါးလေးတွေလှီးပြီးတော့ ကြက်ဥအရောထဲကို ထည့်လိုက်ပါ။

၃။ အားလုံးရောစပ်ပြီးသွားပြီဆိုရင်တော့ Muffin လေးတွေဖုတ်မယ့် ဗန်းကို ဆီလိုက်သုတ်လိုက်ပြီး မုန့်နှစ်တွေကို ဖြန့်ပြီးလိုက်ထည့်လိုက်ပါ။ အားလုံးပြင်ပြီးသွားပြီဆိုရင် Gas 7, 220°C, Fan 200°C မှာ ၁၆ မိနစ်မှ ၁၈ မိနစ်အထိ ဖုတ်ပေးပါ။

၄။ Muffin လေးတွေ ဖောင်းလာပြီး အညိုရောင်သမ်းလာပြီဆိုရင် စက်ထဲမှထုတ်လိုက်ကာ ခဏအအေးခံထားပါ။ ထို့နောက်မှ တစ်ခုချင်းစီထုတ်ယူကာ တည်ခင်းဧည့်ခံနိုင်ပါပြီ။

Credit: realfood.tesco.com