အရသာဆိမ့်သက်လေးနဲ့ ရွှေရင်အစုံကို အေးမြသွားစေမယ့် နို့ရေခဲမုန့်တစ်ခွက်က အခုလို ပူအိုက်ပူလောင်တဲ့ရာသီဥတုအတွက် ဖြေဆေးတစ်ခွက်လို့ တင်စားမယ်ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။

ရေခဲမုန့်ကြိုက်နှစ်သက်တဲ့ Foodies လေးတွေအနေနဲ့ နို့ရေခဲမုန့် တဝကြီးစားချင်တယ်ဆိုရင်တော့ မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ လုပ်စားတာကတော့ အတန်ဆုံးပါပဲ။ ဒါ့ကြောင့် ရေခဲမုန့်ချစ်သူတို့အတွက် နို့ရေခဲမုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • နို့ဆီ ၁၄ အောင်စ (စားပွဲတင်ဇွန်း ၂၈ ဇွန်း)
  • Vanilla Extract လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Heavy Cream ပန်းကန်လုံး ၂ လုံးစာ (၄၈၀ ဂရမ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇောက်နက်သော လင်ဗန်းတစ်ခုကို ဆီစုပ်စက္ကူခံထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နို့ဆီနှင့် Vanilla တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် Heavy Cream ထည့်ပြီး ခရင်မ်များ ထူပျစ်ပျစ်လေးဖြစ်သွားသည်အထိ မွှေပေးရပါမယ်။

၄။ ရရှိလာတဲ့ ခရင်မ်အပျစ်များကို နို့ဆီပန်းကန်ထဲထည့်ပြီးနောက် သမအောင် ရောမွှေပေးလိုက်ပါ။

၅။ ထို့နောက် ထိုနို့နှင့် ခရင်မ်အရောအနှောကို စဦးပိုင်းတုန်းက အသင့်ပြင်ထားတဲ့ လင်ဗန်းထဲထည့်ပြီးနောက် မျက်နှာပြင်ကို ညီညာအောင် ညီပေးလိုက်ပါ။ ပလပ်စတစ်ဖြင့် လုံအောင် အုပ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄ နာရီမှ တစ်ညတာလုံး အအေးခံထားလိုက်ပါ။

၆။ သတ်မှတ်အချိန်ပြည့်သွားပါက ရင်ခွင်အစုံကို အေးမြသွားစေမယ့် နို့ရေခဲမုန့်လေး ရရှိသွားပါပြီ။ ထမင်းစားပြီးတဲ့အချိန်ပဲဖြစ်ဖြစ် အအေးစာ စားချင်တဲ့အချိန်ပဲဖြစ်ဖြစ် အားရပါးရ အချိုတဲနိုင်ပြီပဲဖြစ်ပါတယ်။

Source: Spendwithpennies.com