ရေခဲမုန့်လုပ်စားချင်ပေမယ့် ခက်ခဲတာတွေလုပ်မစားချင်ဘူးဆိုရင်တော့ ဒီရေခဲမုန့်လုပ်နည်းလေးကိုသာ ဖတ်ကြည့်လိုက်ပါ။ အိမ်မှာရှိတာလေးတွေနဲ့ လွယ်လွယ်ကူကူလုပ်စားလို့ရမယ့် ငှက်ပျောသီးရေခဲမုန့် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းကလည်း သုံးမျိုးထဲလိုတာဆိုတော့ အဆင်ပြေစေမှာပါ။

ငှက်ပျောသီးရေခဲမုန့်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းသုံးမျိုးကတော့ ငှက်ပျောသီး၊ Almond Milk နဲ့ Vanilla Extract တို့ လိုအပ်ပါတယ်။ Almond Milk နဲ့ Vanilla Extract ကိုတော့ City Mart မှာ ဝယ်ယူနိုင်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ငှက်ပျောသီး – ၄ လုံးကို အခွံခွာပြီး အတုံးလေးတွေလှီးကာ ရေခဲသေတ္တာထဲမှာ လေးနာရီကြာထည့်ထားလိုက်ပါ။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ငှက်ပျောသီးတွေကို Blender ထဲထည့်လိုက်ပါ။ Almond Milk – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ Vanilla Extract – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။

မွှေပြီးသွားရင်တော့ ပန်းကန်ထဲထည့်ပြီး အသင့်စားသုံးလို့ရပါတယ်။ ခဲနေတဲ့ရေခဲမုန့်ကိုစားချင်ရင်တော့ Blender ထဲကထုတ်တာနဲ့ ဘူးတစ်ခုထဲထည့်ပြီး အလုံပိတ်ကာ ရေခဲသေတ္တာထဲထပ်ထည့်ထားလိုက်ပါ။ ရေခဲသေတ္တာထဲကထုတ်မှစားမယ်ဆိုရင်တော့ ခဲခဲလေးနဲ့ ပိုပြီးစားကောင်းပါတယ်။ အပေါ်ကနေ ကိုယ်ကြိုက်နှစ်သက်ရာ Topping လေးတွေဖြူးပြီးတော့လည်း စားလို့ရပါသေးတယ်။

Photo Source: www.healthyhints.com