ရေခဲမုန့်ကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် အိမ်မှာလွယ်လွယ်ကူကူနဲ့လုပ်စားလို့ရမယ့် ရေခဲမုန့်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်းသုံးမျိုးနဲ့ အလွယ်တကူလုပ်စားနိုင်မယ့် ထောပတ်သီးရေခဲမုန့်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

အဓိကပါဝင်ပစ္စည်းသုံးမျိုးကတော့ ထောပတ်သီး၊ နို့ဆီနဲ့ Heavy Cream ပါ။

စတင်ပြုလုပ်ဖို့အတွက် ထောပတ်သီး ၂ လုံးကို အခွံတွေဖယ်ပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ သံပုရာသီး တစ်လုံးညှစ်ပြီး ဆား – အနည်းငယ်ထည့်ပါ။ ပြီးရင်တော့ ကျေညက်သွားအောင် ချေပေးပါ။

Source: www.yummyph.com

နောက်ထပ်ပန်းကန်လုံးထဲကို Heavy Cream – တစ်ခွက်စာထည့်ပြီး ပျစ်သွားတဲ့ထိမွှေပေးပါ။ ပြီးရင်တော့ နို့ဆီကို ခွက်တစ်ဝက်စာထည့်ကာ မွှေပေးပါ။ ပြီးရင်တော့ ချေထားတဲ့ထောပတ်သီးတွေနဲ့ ရောပြီး သမအောင် ထပ်မွှေပေးပါ။

Source: www.yummyph.com

အားလုံးပြီးရင်တော့ ဘူးတစ်ခုထဲကိုထည့်ပြီး အဖုံး (သို့) ပလတ်စတစ်နဲ့ လုံနေအောင်ဖုံးထားပြီး ရေခဲသေတ္တာထဲမှာ ၄ နာရီကြာထည့်ထားလိုက်ပါ။

Source: www.yummyph.com

အချိန်ပြည့်လို့ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဇွန်းနဲ့ခြစ်ပြီး ကိုယ်လိုသလိုထည့်စားနိုင်တဲ့ ထောပတ်သီးရေခဲမုန့်ကို ရရှိသွားပါပြီ။

Source: www.yummyph.com

Source: www.yummyph.com