Oreo ချစ်သူတွေနဲ့ ရေခဲမုန့်ကြိုက်တဲ့သူတွေအတွက် ကိုယ့်အိမ်မှာ ပါဝင်ပစ္စည်း ၃ မျိုးထဲနဲ့ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ Oreo ရေခဲမုန့်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Oreo ရေခဲမုန့်လုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်း ၃ မျိုးကတော့ Oreo ကွတ်ကီး၊ Heavy Cream နဲ့ နို့ဆီပါ။

လုပ်နည်းကတော့ အရင်ဆုံး oreo ကွတ်ကီး – ၁၄ ခုကို အိတ်ထဲထည့်ပြီး ထုချေပေးရပါမယ်။

ပန်းကန်လုံးအကြီးထဲကို အအေးခံထားတဲ့ Heavy Cream – ခွက် ၂ ခွက်စာ (၄၈၀ မီလီလီတာ) ထည့်ပြီး မွှေစက်နဲ့ မွှေပေးရပါမယ်။

Cream လိုပျစ်သွားတဲ့အထိမွှေပြီးရင် နို့ဆီ – ၁ ဘူးထည့်ပြီး ထပ်မွှေပေးပါ။

ချေထားတဲ့ Oreo ကွတ်ကီးတွေထည့်ပြီး ဇွန်းပြားနဲ့ သမအောင်နယ်ပေးပါ။

သေချာသမအောင်နယ်ပြီးရင် ဘူးထဲပြောင်းထည့်ပြီး အပေါ်ကနေ Oreo ကွတ်ကီးလေးတွေကို ဖဲ့ပြီးတင်ပေးပါ။

အားလုံးပြီးရင် ပလတ်စတစ်နဲ့ အလုံပိတ်ပြီး ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၆ နာရီကြာ ထည့်ထားပေးရပါမယ်။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ပန်းကန်ထဲထည့်ပြီး အသင့်စားသုံးနိုင်တဲ့ Oreo ရေခဲမုန့်ကို ရရှိသွားပါပြီ။

Source: www. thecookingfoodie