ရေခဲမုန့်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ အိမ်မှာလွယ်လွယ်ကူကူလုပ်စားလို့ရအောင် ပါဝင်ပစ္စည်း ၃ မျိုးပဲလိုတဲ့ Vanilla Ice cream ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Vanilla Ice Cream လုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်း ၃ မျိုးကတော့ သကြား၊ Heavy Cream နဲ့ Vanilla Essence တို့ပဲ ဖြစ်ပါတယ်။

အိုးကို မီးဖိုပေါ်တင်ပြီး Heavy Cream – ခွက် ၂ ခွက်စာထည့်ပါ။

သကြား – ခွက်တစ်ခွက်စာထည့်ပြီး မွှေနေပေးပါ။ သကြားတွေပျော်သွားတဲ့အထိ မွှေနေပေးရပါမယ်။

သကြားတွေလည်း သေချာပျော်သွားပြီ၊ အရည်ကျဲကျဲလေးလည်း ဖြစ်သွားပြီဆိုရင် ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။

ဆား – အနည်းငယ်ထည့်ပြီး Vanilla Essence – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ မွှေပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ၄ နာရီကြာအောင် ထည့်ထားပေးပါ။

အချိန်ပြည့်လို့ ရေခဲသေတ္တာထဲကထုတ်တာနဲ့ မွှေစက်နဲ့ မွှေပေးပါ။ ထူထူပျစ်ပျစ်လေးဖြစ်သွားတဲ့အထိ မွှေပေးရပါမယ်။

ထူထူပျစ်ပျစ်လေးဖြစ်သွားရင် ဇွန်းနဲ့ ထပ်မွှေပေးပါ။

အားလုံးပြီးရင်တော့ ဘူးတစ်ဘူးထဲပြောင်းထည့်ပြီး အဖုံးပိတ်ကာ ရေခဲသေတ္တာထဲ တစ်ည ထည့်ထားရပါမယ်။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ အရသာရှိတဲ့ Vanilla Ice cream ကို စားသုံးနိုင်ပါပြီ။

Source: www.tiffinbox