အားလုံးပဲ မင်္ဂလာပါ။ ချောကလက်ကိတ် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ သုံးလွှာ ချောကလက်ကိတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘီစကစ် ၁ ထုပ်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း (အရည်ဖျော်ထားပါ)
  • နွားနို့ ၁ လီတာ
  • သကြား စားပွဲတင်ဇွန်း ၈ ဇွန်း
  • Custard Powder စားပွဲတင်ဇွန်း ၄ ဇွန်း

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဘီစကစ်များကို လက်ဖြင့် ချေမွပေးလိုက်ပါ။ ထို့နောက် ကြိတ်စက်ထဲထည့်ကာ အမှုန့်များ ညက်သွားအောင် ကြိတ်ပေးလိုက်ပါ။

၂။ ရရှိလာတဲ့ ဘီစကစ်အမှုန့်များကို အရည်ဖျော်ထားသော ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောမွှေပေးလိုက်ပါ။

၃။ ကိတ်မုန့်ဖုတ်မယ့် လင်ဗန်းကို ဆီသုတ်လိမ်းပါ။ ဆီစုပ်စက္ကူ ခံထားပါ။ ထို့နောက် ထိုဘီစကစ်မှုန့်များကို ကိတ်မုန့်ဖုတ်မယ့် လင်ဗန်းထဲသို့ ထည့်ပါ။ မျက်နှာပြင် ညီညာအောင် ညှိပြီးနောက် ပြားနေအောင် ဖိချပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး နွားနို့ ၅၀၀ မီလီလီတာထည့်ပါ။ ထို့နောက် Custard Powder နှင့် သကြား စားပွဲတင်ဇွန်း ၄ ဇွန်းတို့ထည့်ကာ သမအောင် မွှေပြီးနောက် အရည်ပျစ်သွားသည်အထိ တည်ပါ။

၅။ ရရှိလာတဲ့ နွားနို့ပျစ်ပျစ်လေးကို စောစောက ကိတ်မုန့်လင်ဗန်းထဲ လောင်းထည့်လိုက်ပါ။

၆။ တစ်ဖန် ဒယ်အိုးကို အပူပေးပြီး ကျန်ရှိနေတဲ့ နွားနို့များ ထပ်ထည့်ပါ။ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၄ ဇွန်းတို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် အရည် ပျစ်သွားသည်အထိ တည်ပေးလိုက်ပါ။

၇။ ရရှိလာတဲ့ ချောကလက်အရည် ပျစ်ပျစ်လေးကို စောစောက ကိတ်မုန့်လင်ဗန်းထဲ လောင်းထည့်လိုက်ပါ။

ထို့နောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီခန့် အအေးခံထားလိုက်ပါ။

၈။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ချောကလက်ကိတ်ကို လင်ဗန်းထဲက ဖယ်ရှားပြီးနောက် အုန်းသီးဖတ်လေးများဖြူးပါ။ ထို့နောက် ချောကလက်အရည်လေးများ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သုံးလွှာ ချောကလက်ကိတ်လေး ရရှိသွားပါပြီ။

Source: N’Oven – Cake & Cookies