အားလုံးပဲ မင်္ဂလာပါ။ ဝိတ်ကျချင်ပေမယ့် အစားလည်း မလျော့နိုင် လေ့ကျင့်ခန်းလည်း မပြုလုပ်နိုင်လို့ စိတ်ညစ်နေပြီလား။

အစားလည်း လျော့စရာမလို လေ့ကျင့်ခန်းလည်း ပြုလုပ်စရာမလိုဘဲ ဝိတ်ကျစေမယ့် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ သကြားမုန်လာဖျော်ရည် သောက်သုံးပြီး ဝိတ်ချခြင်းပဲဖြစ်ပါတယ်။ သကြားမုန်လာဥ ဖျော်နည်း (၃) နည်း ရှိတဲ့အနက် မိမိနှစ်သက်တဲ့ နည်းတစ်မျိုးမျိုးဖြင့် ဖျော်သောက်ပြီး ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားလိုက်ရအောင်။

သကြားမုန်လာနှင့် သံပုရာသီး

ပါဝင်ပစ္စည်းများ

  • သကြားမုန်လာ ၁၅၀ ဂရမ် (အနေတော် အတုံး တုံးထားပါ)
  • သံပုရာရည် စားပွဲတင်ဇွန်း လေးဇွန်း
  • ရေ ၆၀ မီလီလီတာခန့်
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သကြားမုန်လာအတုံးများကို သစ်သီးဖျော်စက်ထဲ ထည့်မွှေပေးလိုက်ပါ။

၂။ ရေထည့်ပြီး ထပ်ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။

၃။ ထို့နောက် ဆားအနည်းငယ်နှင့် သံပုရာရည်တို့ကို ဖန်ခွက်ထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ သောက်သုံးပေးလို့ရပါပြီ။

တရုတ်နံနံနှင့် သကြားမုန်လာဖျော်ရည်

ပါဝင်ပစ္စည်းများ

  • သကြားမုန်လာ တစ်ခြမ်း (အနေတော် တုံးထားပါ)
  • တရုတ်နံနံ တစ်ပင် (ပါးပါးလှီးထားပါ)
  • သံပုရာရည် စားပွဲတင်ဇွန်းနှစ်ဇွန်း
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သကြားမုန်လာနှင့် နံနံပင်တို့ကို သစ်သီးဖျော်စက်ထဲ ထည့်ဖျော်လိုက်ပါ။ ရရှိလာတဲ့အနှစ်များကို ဖန်ခွက်ထဲထည့်လိုက်ပါ။

၂။ သံပုရာရည်နှင့် ဆားတို့ကို ဖန်ခွက်ထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို ဝိတ်ကျဖို့အတွက် သောက်သုံးပေးနိုင်ပါတယ်။

ပန်းသီးနှင့် သကြားမုန်လာဖျော်ရည်

ပါဝင်ပစ္စည်းများ

  • သကြားမုန်လာ တစ်ခြမ်း
  • ပန်းသီး တစ်ခြမ်း
  • သစ်ကြမ်းပိုးခေါက်အမှုန့် အနည်းငယ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သကြားမုန်လာနှင့် ပန်းသီးကို အနေတော် တုံးပြီးနောက် သစ်သီးဖျော်စက်ထဲ ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ဖျော်ပေးလိုက်ပါ။

၂။ ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲထည့်လိုက်ပါ။ သစ်ကြမ်းပိုးခေါက်နှင့် ဆားတို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ဝိတ်ကျဖို့အတွက် သောက်သုံးနိုင်ပါပြီ။

Source: Stylecraze.com