အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပဲငံပြာရည်နဲ့ သကြားညိုတို့ကို အချိုးကျရောစပ်ကာ ဖျော်ထားတဲ့ ချိုငန်ဆော့စ်နဲ့ အရသာရှိရှိ ရောချက်ထားတဲ့ အမဲသားဟင်းလျာ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၇ ဇွန်း
  • ကြက်သွန်နီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

  • သကြားညို စားပွဲတင်ဇွန်း ၈ ဇွန်း
  • အမဲသား ၁ ပေါင်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် (တစ်လက်မအရှည် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပါဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်ဖြူတို့ ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ပဲငံပြာရည်နှင့် ရေတိုပထည့်ကာ သမအောင် ရောမွှေပါ။

၂။ ထို့နောက် သကြားညိုထည့်ကာ ၃ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။ ပြီးရင်တော့ ပန်းကန်လုံးထဲ ပြောင်းထည့်ထားလိုက်ပါ။

၃။ အမဲသားကို အနေတော်အတုံး လှီးဖြတ်ထားပါ။ ထို့နောက် ပန်းကန်လုံးထဲထည့်ကာ ပြောင်းမှုန့်ဖြင့် သမအောင် နယ်လိုက်ပါ။ ၁၀ မိနစ်ခန့် နှပ်ထားပါ။

၄။ တစ်ဖန် ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားများထည့်ကာ ၂ မိနစ်ခန့် မွှေကြော်လိုက်ပါ။ ရရှိလာတဲ့ အမဲကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။ ပိုလျှံနေသော ဆီများကို ပန်းကန်လုံးသပ်သပ်ထဲ ဖယ်ထည့်ထားပါ။

၅။ ထို့နောက် ဒယ်အိုးကို အပူပြန်ပေးလိုက်ပါ။ အဆင့် (၂) က ကျိုထားသော ဆော့စ်များကို ဒယ်အိုးထဲ ပြန်ထည့်ပါ။ ထို့နောက် အမဲကြော်များ ချက်ချင်း လောင်းထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့် မွှေကြော်ပါ။

မီးဖိုပေါ်က ချခါနီးမှာတော့ ကြက်သွန်မြိတ်လေးများ ဖြူးထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ချိုငန်ဆော့စ်လေးနဲ့ ရောချက်ထားတဲ့ အမဲသားဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Justataste.com