အားလုံးပဲ မင်္ဂလာပါ။ ရိုးရာဟင်းလျာများကို မြည်းစမ်းချက်ပြုတ်ရတာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မွန်ဂိုရိုးရာ အမဲသားကြွပ်ကြော် ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ခါးဆစ်သား ၁ ပေါင်ခွဲ
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်ဆီ (သို့) ငရုတ်သီးမှုန့် အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကြက်သွန်မြိတ် ၈ ပင် (၂ လက်မအရှည်ခန့် ဖြတ်ထားပါ။ ကြက်သွန်မြိတ်ရဲ့စိမ်းသောအပိုင်းသာ အသုံးပြုရန်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားတုံးကို ဝ.၂၅ လက်မ အထူခန့် လှီးဖြတ်ထားပါ။

လှီးဖြတ်ပြီးသား အမဲသားတုံးများကို ပလစ်စတစ်အုပ်ကာ အလေးတုံးဖြင့် ပြားသွားအောင် ထုထောင်းလိုက်ပါ။

၂။ ရရှိလာတဲ့ အမဲသားပြားများကို အလုံပိတ်အိတ်ထဲထည့်ကာ ပြောင်းမှုန့်ထည့်ပြီး အမဲသားအနှံ့ ပြောင်းမှုန့်ကပ်သွားအောင် နှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အမဲသားပြားများထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် စက္ကန့် ၃၀ ခန့် ထပ်ကြော်ပေးရပါမယ်။ (ဒယ်အိုးမဆံ့ပါက အမဲသားပြားများကို ၂ ကြိမ်၊ ၃ ကြိမ်ခန့် ခွဲကြော်ပေးပါ။ ၁ ကြိမ်တည်းနဲ့ ပြွတ်သိပ်ပြီး မကြော်ပါနဲ့)

၄။ ကြော်ပြီးသွားသော အမဲသားပြားများကို ပန်းကန်ပြားထဲထည့်ကာ ဆားအနည်းငယ် ဖြူးထားလိုက်ပါ။

၅။ ဒယ်အိုးထဲသို့ ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ ၁၅ စက္ကန့်ခန့် ဆီသတ်ပါ။ ထို့နောက် ငရုတ်ဆီ (သို့) ငရုတ်သီးမှုန့်ထည့်ပါ။ ပဲငံပြာရည်၊ ရေ၊ သကြားညိုတို့ထည့်ကာ သမအောင် မွှေပြီးနောက် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၆။ ဟင်းရည်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ အမဲသားကြော်များထည့်ကာ သမအောင် မွှေပြီးနောက် စက္ကန့် ၃၀ ခန့် တည်ထားလိုက်ပါ။

၇။ ဟင်းရည် ခမ်းသွားတဲ့အခါမှာတော့ မီးပိတ်လိုက်ပါ။ ကြက်သွန်မြိတ်ထည့်ပြီး သမအောင် မွှေကြော်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မွန်ဂိုရိုးရာ အမဲသားကြွပ်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Tasteandsee.com