မနက်စာအတွက်ပဲဖြစ်ဖြစ်၊ အဆာပြေစားဖို့အတွက်ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ အရသာရှိရှိလေး လုပ်စားလို့ရအောင်ပေါင်မုန့်နဲ့လုပ်တဲ့နည်း လေးမျိုးကို မျှဝေပေးလိုက်ပါတယ်။

ပေါင်မုန့်တစ်ချပ်ကိုယူပြီး အလယ်မှာ ချောကလက်တုံးလေး ၂ တုံးလောက်ထည့်ကာ ခေါက်လိုက်ပါ။ ပြီးတာနဲ့ ပုံမှာပြထားတဲ့အတိုင်း ဖန်ခွက်လေးနဲ့ဖိယူပြီး ဒယ်အိုးထဲထည့် ကြော်လိုက်ပါ။ ဒါဆိုရင်တော့ အထဲကချောကလက်လေးနဲ့ အရသာရှိတဲ့ ပေါင်မုန့်ကြော်လေး ဖြစ်သွားမှာပါ။

ဒယ်အိုးမှာ ထောပတ်သုတ်ပြီး ပေါင်မုန့်တစ်ချပ်ထည့်ပါ။ အလယ်ကို ဖိချပြီး ကြက်ဥတစ်လုံးဖောက်ထည့်ပါ။ ပြီးရင် ဘေးပတ်ပတ်လည်မှာ ချိစ်တွေထည့်ပြီး တည်ထားလိုက်ပါ။ ခဏနေရင်တော့ ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။

ပေါင်မုန့်တစ်ချပ်ကိုယူပြီး ဘေးသားတွေလှီးထုတ်ပါ။ ပြီးရင် Nutella သုတ်ပြီး အပေါ်ကနေ ပေါင်မုန့်တစ်ချပ် ထပ်လိုက်ပါ။ ဘေးဘက်တွေကို ခရင်းနဲ့ ပုံမှာပြထားတဲ့အတိုင်း လိုက်ဖိချပါ။ ပြီးတာနဲ့ ပေါင်မုန့်ကင်စက်လေးထဲထည့်ပြီး ကင်ပါ။ ရပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး ကော်ဖီတို့၊ နွားနို့တို့နဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

ပန်းကန်တစ်လုံးထဲကို ပန်းငရုပ်ပွ တစ်လုံး သေးသေးလေးတွေ လှီးထည့်၊ Bacon လေးနည်းနည်းလှီးထည့်၊ ကြက်ဥ ၂  လုံးဖောက်ထည့်ပြီး မွှေပါ။ ပြီးရင်တော့ ပေါင်မုန့်တစ်ချပ်ကို အလယ်ကအသားတွေ ဖယ်ထုတ်ပြီး ဒယ်အိုးထဲထည့်ပါ။ ပြီးရင် ခုနကမွှေထားတာတွေကို အလယ်မှာထည့်ပြီး ဆားနည်းနည်း၊ ငရုပ်ကောင်းမှုန့်နည်းနည်း ဖြူးပြီး တည်ထားလိုက်ပါ။ ရပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။

Source: www. 5minutecraftsteens