အိမ်မှာကြက်ဥရှိရင် ဟင်းစားအတွက်ကော၊ အစာပြေမုန့်လုပ်စားဖို့အတွက်ကော အရမ်းအဆင်ပြေပါတယ်။ ဒါကြောင့် ကြက်ဥရှိရုံနဲ့ ထူးထူးဆန်းဆန်းအရသာရှိတာလေးတွေ လုပ်စားနိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

Microwave ရှိရင် ပုံစံခွက်လေးထဲကို ရေနည်းနည်းထည့်ပြီး ကြက်ဥတစ်လုံးဖောက်ထည့်လိုက်ပါ။ ပြီးရင် Microwave ထဲခဏထည့်ပြီး အပြင်ထုတ်လာရင် ဇွန်းနဲ့ယူစားရုံပါပဲ။

အပူဒဏ်ခံနိုင်တဲ့ခွက်ထဲကို ကြက်ဥ ၂ လုံး ဖောက်ထည့်ပြီး အသားပြားညှပ်ထည့်၊ ပန်းငရုပ်ပွလေးတွေ သေးသေးလှီးထည့်၊ နောက်ပြီး ကိုယ်စားတဲ့အရွက်လေးတွေ ထည့်ချင်လည်း ထည့်၊ ဆားထည့်။ ပြီးရင် ခလောက်ပြီး Microwave ထဲ ခဏထည့်၊ ရလာရင် စားရုံပဲ။

ကြက်ဥ – ၃လုံး (သို့) ၄ လုံးလောက်ကိုခလောက်ပြီး ဒယ်ပြားထဲကို နည်းနည်းထည့်ပါ။ အောက်ဘက်က ရလောက်ပြီဆိုရင် လိပ်ပြီး နောက်ထပ်နည်းနည်း ထပ်ထည့်ပါ။ ချိစ်ပြား ၂ ပြားထည့်ပြီး ထပ်လိပ်ပါ။ ကြက်ဥထပ်ထည့်ပြီး လိပ်ပါ။ ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။ ဒါကတော့ ချိစ်ကြက်ဥလိပ်လုပ်နည်းပါ။

ပန်းငရုပ်ပွကို အကွင်းလေးတွေလှီးပြီး ဒယ်အိုးထဲထည့်ပါ။ ပြီးရင် အလယ်ကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ကြော်စားလို့လည်းရပါတယ်။

source: www.5minutecrafts