အားလုံးပဲ မင်္ဂလာပါ။ ရေခဲချောင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ သီးစုံဒိန်ချဉ်ရေခဲချောင်းပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နို့ဒိန်ချဉ် ၂၈၅ ဂရမ်
  • ပျားရည် ၁၁၃ ဂရမ်
  • သရက်သီးနှင့် နာနတ်သီး
  • စတော်ဘယ်ရီနှင့် ငှက်ပျောသီး (မိမိကြိုက်နှစ်သက်ရာ သစ်သီးအမျိုးအစားများကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်)
  • Heavy Cream ၂၄၀ မီလီလီတာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဟဲဗီးခရင်မ်ကို သမအောင် မွှေခလောက်ပေးလိုက်ပါ။

၂။ ဒိန်ချဉ်နှင့် ပျားရည်လောင်းထည့်ကာ သမအောင် ထပ်မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် အခြားပန်းကန်လုံးထဲတွင် တစ်ဝက်ခွဲထည့်ထားပါ။

၃။ သရက်သီး၊ နာနတ်သီး၊ စတော်ဘယ်ရီနှင့် ငှက်ပျောသီးတို့ကို အနေတော် အတုံး တုံးထားလိုက်ပါ။

၄။ သရက်သီးနှင့် နာနတ်သီးကို ပထမဒိန်ချဉ်အရောအနှောပန်းကန်ထဲ လောင်းထည့်လိုက်ပါ။ စတော်ဘယ်ရီနှင့် ငှက်ပျောသီးကိုတော့ အခြားဒိန်ချဉ်ပန်းကန်ထဲ ရောထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ဒိန်ချဉ်ခွက်တစ်ခုချင်းစီကို ရေခဲချောင်းပုံစံခွက်ထဲ လောင်းထည့်ပေးလိုက်ပါ။ (ထိုပုံစံခွက်ကို ရေစိုမနေအောင် သုတ်ထားပေးရပါမယ်။)

၆။ ပြီးတဲ့အခါမှာတော့ ရေခဲချောင်းတုတ်တံလေးကို ထိုခွက်ထဲ အလယ်တည့်တည့်ထဲတွင် ထိုးစိုက်ပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာအအေးခန်းထဲတွင် ၄ နာရီကြာ အအေးခံထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ စားလို့ကောင်းတဲ့ သီးစုံဒိန်ချဉ်ရေခဲချောင်းလေး ရရှိသွားပါပြီ။

Source: Thewoksoflife.com