အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ၅ မိနစ်မှ ၁၀ မိနစ်ခန့် အချိန်ပေးရုံနဲ့ အရသာရှိတဲ့ ပုစွန်ချဉ်စပ်ဟင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (အခွံခွာထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပုစွန် ၂၄ ကောင် (အခွံခွာပြီး ရေဆေးသန့်စင်ထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့်

  • သံပုယိုသီး ၁ လုံး (အခွံကို ဓားနှင့်မွှန်းထားပြီး အရည်ညှစ်ထားပါ)
  • နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပါ။ ဒယ်အိုးပူလာပါက သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။

၂။ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်နှင့် ပုစွန်တို့ထည့်ပါ။

၃။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ပုစွန်များ ပန်းရောင်ပြောင်းသွားပါက သံပုယိုသီးအခွံ၊ သံပုယိုရည်နှင့် နံနံပင်တို့ထည့်ကာ သမအောင် မွှေပါ။

၄။ သံပုယိုရည်များ ခမ်းသွားပြီဆိုရင်တော့ ပုစွန်များကို ပန်းကန်ထဲ ပြောင်းထည့်လို့ရပါပြီ။

ထိုအဆင့်များအားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ချဉ်စပ်ဟင်း စပ်စပ်လေး ရရှိသွားပါပြီ။

Source: Foodnetwork.com