အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မိနစ်ပိုင်းအတွင်း ပြင်ဆင်ချက်ပြုတ်နိုင်တဲ့ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာရှိတဲ့ ပုစွန်ချဉ်စပ်ဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီး ၁ တောင့် (နုပ်နုပ်စဉ်းထားပါ)နှင့် ငရုတ်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ပုစွန် ၂ ပေါင်ခန့် (၃၁ ကောင်မှ အကောင် ၄၀ ခန့်အထိ)
  • ကြက်သွန်ဖြူ ၁၀ မြွှာ (နုပ်နုပ်စဉ်းထားပါ)နှင့် ကြက်သွန်မြိတ် ၃ ပင် (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နံနံပင်နှင့် ကြက်သွန်မြိတ် (နုပ်နုပ်စဉ်းထားပါ)
  • သံပုရာသီး တစ်စိတ်၊ နှစ်စိတ်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို အခွံနှင့် ခေါင်းတို့ ခွာထားပြီး ရေစင်အောင် ဆေးထားလိုက်ပါ။

ခရုဆီ၊ ပျားရည်၊ ငရုတ်ဆီနှင့် ငရုတ်ကောင်းမှုန့်တို့ကို ပန်းကန်လုံးအသေးတစ်လုံးထဲတွင် သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပြင်းပြင်းပေးထားပြီးနောက် ထောပတ်ထည့်ပါ။ ထောပတ်အရည်ပျော်သွားပါက ကြက်သွန်ဖြူထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။

၃။ ကြက်သွန်ဖြူက ရွှေရောင် ပြောင်းသွားပါက ပုစွန် ချက်ချင်းထည့်ကာ ကြက်သွန်ဖြူဖြင့် ရောနှောလိုက်ပါ။ ဟင်းချက်ဝိုင်ထည့်ပါ။ အဆင့် (၁) က ပြုလုပ်ထားသော ငရုတ်ဆီအရောအနှောတို့ကို ဒယ်အိုးထဲလောင်းထည့်ပြီး သမအောင် မွှေကြော်ပေးလိုက်ပါ။ အားလုံးနှံ့စပ်အောင် မွှေပြီးသွားတာနဲ့ ချက်ချင်းပဲ မီးပတ်လိုက်ပါ။ (ပုစွန်ထည့်ပြီးတာနဲ့ မွှေကြော်တဲ့အချိန်က ၂ မိနစ်ထက် မပိုသင့်ပါဘူး။)

၄။ နုပ်နုပ်စဉ်းထားသော ကြက်သွန်မြိတ်၊ ငရုတ်သီးနှင့် နံနံပင်တို့ထည့်ကာ မီးအပူရှိန်ဖြင့် မွှေပေးရပါမယ်။

ချဉ်ချဉ်စပ်စပ်လေး စားချင်တယ်ဆိုရင်တော့ သံပုရာရည်လေး အနည်းငယ် ညှစ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ချဉ်စပ်ဟင်းလျာလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source : Seonkyounglongest.com