အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော်ဆိုင်တွေကတော့ လက်ညှိုးထိုးမလွဲ နေရာအနှံအပြားမှာ ဝယ်ယူစားသုံးနိုင်ပေမယ့် ဝက်သားကြော်စားချင်ရင်တော့ ကြက်ကြော်ဆိုင်လိုမျိုး ဆိုင်အကြီးကြီး မရှိတာကြောင့် အလွယ်တကူ ဝယ်စားလို့မရဘဲ မိမိအိမ်မှာပဲ ကြော်စားရတာပါ။

စာဖတ်သူအနေနဲ့ အရသာရှိတဲ့ ဝက်သားကြော် စပ်စပ်လေး ကြော်စားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျင်း ၁ လက်မပတ်လည်း အတုံး တစ်တုံးခန့် (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

  • ဝက်သား ၁ ပေါင်ခွဲခန့် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ငရုတ်နှစ်၊ ပဲငံပြာရည်၊ သကြားညို၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ ပေါင်းထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ဝက်သားပြားပေါ်တွင် ထိုအချဉ်ရည်များ လောင်းချလိုက်ပြီးနောက် မိနစ် ၂၀ ခန့်မှ တစ်နာရီအထိ စိမ်ထားလိုက်ရပါမယ်။

၂။ အချိန်ပြည့်ပါက ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်လိုက်ပါ။

၃။ ဆီပူလာပြီဆိုပါက ဝက်သားပြားများထည့်ပြီး တစ်ဖက်စီကို ၂ မိနစ်ခန့် ကြော်ပေးရပါမယ်။

၄။ ဝက်သားပြားများ ရွှေညိုရောင် ပြောင်းသွားပါက မိမိနှစ်သက်ရာ ဆော့စ်တစ်မျိုးမျိုးနဲ့ အရသာရှိရှိ စားသုံးနိုင်ပြီပဲဖြစ်ပါတယ်။ သွားရေစာအနေနဲ့လည်း စားသုံးနိုင်သလို ထမင်းနဲ့လည်း တွဲဖက်စားသုံးနိုင်ပါသေးတယ်။

Source: pinchofyum.com