အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သားအစပ်ကြော် ကြော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ခြစ်ခုံဖြင့် ခြစ်ချထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

  • ဝက်သား ၁ ပေါင်ခွဲ (အတုံးခပ်ကြီးကြီး လှီးဖြတ်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သန့်စင်ခြောက်သွေ့သော ဖန်ပုလင်းတစ်လုံးထဲတွင် ငရုတ်သီးအနှစ်၊ ပဲငံပြာရည်၊ သကြားညို၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်ကာ ပုလင်းအဖုံးပိတ်ပြီးနောက် သမအောင် လှုပ်ခါပေးလိုက်ပါ။

ရရှိလာတဲ့ ငရုတ်သီးဆော့စ်ကို ဝက်သားပေါ် ဆမ်းထည့်ကာ သမအောင် နယ်ပြီးတဲ့နောက်မှာ မိနစ် ၂၀ မှ ၁ နာရီကြာသည်အထိ နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်ထည့်ထားပါ။

၃။ ဆီပူလာပါက ဝက်သားထည့်ကာ ဝက်သားလွှာ တစ်ခြမ်းချင်းစီကို ၂ မိနစ်ကြာကြော်ပေးလိုက်ပါ။ ဝက်သားများ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အနံ့မွှေးပြီး အရသာရှိတဲ့ ဝက်သားအစပ်ကြော်လေး ရရှိသွားပါပြီ။

ထမင်းစားတဲ့အခါ ဟင်းရွက်ကြော်တစ်မျိုးမျိုးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ထမင်းတစ်ပွဲကို သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

Source: Pinchofyum.com