ချောကလက် Lava ကိတ်ကို အချိန် ၅ မိနစ်ထဲနဲ့ အလွယ်တကူလုပ်လို့ရတယ်လို့ပြောရင် ယုံကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် အလွယ်ကူဆုံးနည်းနဲ့ လုပ်လို့ရတဲ့ နည်းလမ်းရှိပါတယ်။ အဓိကကတော့ Microwave ရှိဖို့ပဲ လိုပါတယ်။

Cup Cake ပုံစံ ချောကလက်ကိတ်လေးတစ်လုံးနဲ့ ချောကလက် တစ်ခုပဲ လိုပါတယ်။

လုပ်ရမယ့်ပုံစံကတော့ Cup Cake ပုံစံ ချောကလက်ကိတ်တစ်လုံးကိုယူပြီး အလယ်ကနေ ဇွန်းနဲ့ကလော်လိုက်ပါ။ ဟိုးအောက်ထိရောက်အောင် ကလော်စရာမလိုပါဘူး။ ချောကလက် တစ်ခု ထည့်လို့ရရုံ တစ်ဝက်လောက်ပဲ ကလော်လိုက်ပါ။ ဇွန်းအဝိုင်းလေးဆိုရင် ပိုကောင်းပါတယ်။

ကလော်ထားလို့ အပေါက်လေးဖြစ်သွားရင် ချောကလက်လေး တစ်ခုထည့်လိုက်ပါ။ ချောကလက်လုံးလေးဆို ထည့်ရတာ ပိုအဆင်ပြေပါလိမ့်မယ်။ ချောကလက်ထည့်ပြီးရင် ကလော်ထားတဲ့ သူ့ရဲ့ကိတ်သားနဲ့ပဲ ပြန်ပိတ်ပြီး ပန်းကန်ပြားထဲကို မှောက်ထည့်လိုက်ပါ။ ပြီးတာနဲ့ Microwave ထဲ ခဏထည့်ထားပါ။

Microwave ထဲကထုတ်တာနဲ့ စားသုံးနိုင်ပါပြီ။ ဇွန်းနဲ့ဖဲ့လိုက်တာနဲ့ အထဲက ချောကလက်အရည်လေးတွေ စီးကျလာတဲ့ အရသာရှိတဲ့ ချောကလက် Lava ကိတ်လေး ဖြစ်သွားပါပြီ။

Photo Source: www.soyummy.com