အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ် အလွယ်တကူပြုလုပ်ကာ အရသာရှိရှိ စားသုံးနိုင်တဲ့ ချိစ်အရသာ ကြက်ဥပေါင်းထမင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ထမင်း ပန်းကန်လုံး တစ်ဝက်စာ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဝက်ပေါင်ခြောက် ၁ ပြား (အတုံးသေးသေး တုံးထားပါ)

  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ပန်းကန်လုံးတစ်လုံးထဲသို့ ကြက်ဥများ ဖောက်ထည့်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၂။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၈ ဇွန်းထည့်ကာ သမအောင် ထပ်မွှေပါ။ ဝက်ပေါင်ခြောက်၊ ကြက်သွန်မြိတ်ထည့်ကာ သမအောင် မွှေပါ။

၃။ ထမင်း ထည့်ကာ ခရင်းဖြင့် ထမင်းများကို ချေလိုက်ပါ။ ထို့နောက် ပန်းကန်လုံးကို ပလပ်စတစ်ဖြင့် အုပ်ထားပြီးနောက် ထိုပလပ်စတစ်ပေါ်တွင် ဓားဖြင့် အပေါက် ၃ ပေါက်၊ ၄ ပေါက်ခန့် ဖွင့်လိုက်ပါ။ ထို့နောက် မိုက်ခရိုဝေ့ဖ်ထဲတွင် ၃ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်ပါက ပလပ်စတစ်ကို ဖယ်ရှားလိုက်ပြီး ထမင်းများကို သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ချိစ်ပြား ၁ ပြားကို ထမင်းပေါ် အုပ်ထားလိုက်ပါ။ မိုက်ခရိုဝေ့ဖ်ထဲ ထပ်ထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် ထပ်ပေါင်းပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ချိစ်အရသာ ကြက်ဥပေါင်း ထမင်းလေး ရရှိသွားပါပြီ။

Source: Samanthasmommy.com