မနက်မိုးလင်းတာနဲ့ မနက်စာကို အလွတ်မခံပဲ အာဟာရရှိတာမျိုးကို စားပေးဖို့လိုပါတယ်။ အာဟာရရှိတဲ့ မနက်စာဆိုရင် လွယ်လွယ်ကူကူလုပ်စားလို့ရတာ၊ အလုပ်မရှုပ်တာကတော့ ကြက်ဥ၊ ပေါင်မုန့်နဲ့ နွားနို့ပါပဲ။ တစ်ခုချင်းစီစားနေရင်လည်း အရသာမရှိတော့ စားချင်မှာမဟုတ်ဘူးလေ။ ဒါကြောင့် အာဟာရရှိတဲ့ မနက်စာကောင်းကောင်းလုပ်စားဖို့ ကြက်ဥနဲ့ ပေါင်မုန့်ကိုသုံးပြီး အလွယ်ကူဆုံးနည်းနဲ့ ကြက်ဥ Sandwich လုပ်စားလို့ရအောင် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ဆီမသုံးပဲ ထောပတ်သုံးမှာဖြစ်လို့ ဒယ်အိုးထဲကို ထောပတ် အတုံးသေးလေးတစ်တုံး ထည့်ပါ။ ထောပတ်အရည်ပျော်သွားတာနဲ့ ကြက်ဥ – ၁ လုံး (သို့) ၂ လုံးကို ခလောက်ပြီး ဒယ်အိုးထဲထည့်ပါ။

ကြက်ဥထည့်ပြီးပြီးချင်းမှာပဲ ပေါင်မုန့် – ၂ ချပ်ထည့်ရမှာပါ။ ပေါင်မုန့် နှစ်ဖက်လုံးကို ကြက်ဥတွေပေသွားအောင် တစ်ဖက်ကို အရင် ကြက်ဥအရည်ပေသွားအောင် တင်ပါ။ ပြီးရင် ချက်ချင်း တစ်ဖက်ကို လှန်ပြီး ကြက်ဥပေါ်တင်ပါ။

ခဏနေရင် ဟိုဘက်လှန်ပေးပြီး ကြက်ဥရဲ့ ဘေးနှစ်ဖက်ကို ခေါက်ပါ။ ပြီးရင် ပေါင်မုန့်နှစ်ချပ်ကို လှန်ပြီးကပ်လိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး တစ်စောင်းလေးလှီးပါ။

ဒါဆိုရင်တော့ အာဟာရရှိပြီး လုပ်ရတာလွယ်ကူတဲ့ ကြက်ဥ Sandwich ကို ရသွားပါပြီ။ အချိန် ၅ မိနစ်နဲ့လုပ်တဲ့ ကြက်ဥ Sandwich မို့ အသားတွေ၊ အရွက်တွေကတော့ ပါမှာမဟုတ်ဘူးပေါ့။

Photo Source: www.bloosom.com