ပန်ကိတ်က လုပ်ရတာလွယ်သလောက် လူတိုင်းနဲ့လည်းတည့်တယ်။ အာဟာရလည်းရှိတဲ့အတွက် မနက်စာအနေနဲ့ပဲစားစား၊ အဆာပြေသရေစာမုန့်အဖြစ်ပဲစားစား၊ ညဘက်ဗိုက်ဆာလို့ပဲစားစား အဆင်ပြေပါတယ်။ ဒီတစ်ခါမှာတော့ ပန်ကိတ်ကို ၅ မိနစ်အတွင်း အလွယ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပန်းကန်လုံးလေးထဲကို ငှက်ပျောသီးအမှည့်တစ်လုံးထည့်ပြီး ကြက်ဥနှစ်လုံးဖောက်ထည့်ကာ ချေပြီး ခလောက်လိုက်ပါ။ ပြီးတာနဲ့ ဒယ်အိုးထဲထည့်ပြီး ကြော်ပေးပါ။

ကြော်လို့ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး ပျားရည်လေးဆမ်းကာ စားသုံးနိုင်ပါပြီ။ ကလေးလူကြီးမရွေး အကုန်လုံးနဲ့တည့်ပြီး အာဟာရပြည့်တဲ့ ပန်ကိတ်ပါ။

Source: www. blossom