ပါဝင်ပစ္စည်းများ
- ဝက်ရိုး၊ ဝက်နံရိုး
- မုန်ညှင်း
- ခရမ်းချဉ်သီး
- ချဉ်စော်ကားသီးခြောက်
- မန်ကျည်းမှည့်
Source: godfreys.co
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငရရုတ်သီးစိမ်း
- ဗမာနံနံ
- ငပိ
Source: PepperScale
- ထန်းညက် (သို့မဟုတ်) ကြံသကာ
- အရောင်တင်မှုန့်
- ဆီ
- ဆား
ပြုလုပ်နည်း
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ထန်းညက် (သို့မဟုတ်) ကြံသကာ၊ ငပိ၊ အရောင်တင်မှုန့် အနည်းငယ် ထည့်၍ဆီသပ်ပါ။ ဝက်ရိုး၊ ဝက်နံရိုးကို ဆီသပ်သည့် အထဲသို့ ဝက်ရိုး၊ ဝက်နံရိုး ထည့်ပါ။
ဝက်နံရိုး ကျက်သည်အထိ ချက်ပြီး မုန်ညှင်းကို ထည့်ပါ။ မုန်ညှင်းကျက်လျှင် ချဉ်စော်ကားသီးခြောက်၊ မန်ကျည်းမှည့် လိုသလောက် ထည့်ပြီး အချိန်ကြာကြာ တည်ပေးပါ။
အချဉ်ရည်ကျလျှင် ငြုတ်သီးစိမ်း၊ ကြက်သွန်ဖြူ နုတ်နုတ်စင် နှင့် ဗမာနံနံပင်ကို အုပ်၍ အပေါ့အငံ မြီးပြီး သုံးဆောင်နိုင်ပါသည်။ အိမ်ချက် မုန်ညှင်းစောလေး ဖြစ်ပါသည်။
Credit: Daw Suu Suu