အားလုံးပဲ မင်္ဂလာပါ။ အချိုပွဲ ကြိုက်နှစ်သက်သူများအတွက် Air Fryer လေးတစ်လုံး ရှိရုံနဲ့ အလွယ်တကူ လုပ်စားနိုင်တဲ့ ငှက်ပျောကြော်အချိုပွဲ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် ၂ လုံး
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးများကို ခပ်ပါးပါးလှီးဖြတ်ထားပါ။ ထို့နောက် ပန်းကန်လုံးအသေးထဲထည့်ကာ သံပုယိုရည် ဆမ်းထည့်လိုက်ပါ။

ထို့နောက် ဆားအနည်းငယ် ဖြူးပေးလိုက်ပါ။ သံပုယိုရည်က ငှက်ပျောသီးအရောင်ကို သူ့အရောင်အတိုင်းပဲ ဖြစ်နေအောင် ညိုမသွားအောင် ကူညီပေးပါတယ်။

၂။ မိနစ်အနည်းငယ်ကြာ နှပ်ပြီးသွားတဲ့အခါ ငှက်ပျောသီးစိပ်များကို Air Fryer ထဲ တစ်လွှာချင်းစီ စီထည့်ထားလိုက်ပါ။

၃။ ထို့နောက် Air Fryer ကို ၁၃၅ ဒီဂရီဖာရင်ဟိုက်ဖြင့် အပူပေးကာ ၈ နာရီကြာသည်အထိ တည်ထားလိုက်ပါ။ ဒါပေမဲ့ ၆ နာရီကြာတဲ့အခါ ငှက်ပျောသီးများကို တစ်ချက်စစ်ကြည့်လိုက်ပါ။ ငှက်ပျောသီးကို ကြွပ်ကြွပ်ရွရွလေး စားချင်တယ်ဆိုရင်တော့ ထပ်တည်ထားလိုက်ပါ။

၆ နာရီ တည်ထားတဲ့အနေအထားကို ကြိုက်တယ်ဆိုရင်လည်း ရပ်လိုက်လို့ရပါြ့ီ။

ဒါဆိုရင်တော့ Air Fryer နဲ့ အလွယ်တကူ ကြော်ထားသော အရသာရှိတဲ့ ငှက်ပျောကြော်အချိုပွဲလေး ရရှိသွားပါပြီ။

Source: Air-fried.com