အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပြီးတာနဲ့တစ်ပြိုင်နက် အချိုပွဲ သုံးဆောင်ရတာကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ စတော်ဘယ်ရီ အယ်လ်မွန်ပူတင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အယ်လ်မွန်နွားနို့ ၁ လီတာ
  • ကျောက်ကျောမှုန့် ၁၄ ဂရမ်
  • သကြား စားပွဲတင်ဇွန်း ၅ ဇွန်း
  • အယ်လ်မွန်သီးအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • စတော်ဘယ်ရီသီး အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အယ်လ်မွန်နွားနို့ တစ်ဝက်ခန့်ကို ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက မီးပိတ်ပြီး ကျောက်ကျောမှုန့်များထည့်ကာ အမှုန့်များ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၂။ သကြား စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် အယ်လ်မွန်သီးအမှုန့်များ ထပ်ပေါင်းထည့်ကာ အရည်ပျော်သွားသည်အထိ မွှေပေးလိုက်ပါ။

၃။ ကျန်ရှိနေတဲ့ အယ်လ်မွန်နွားနို့တစ်ဝက်ကို အိုးထဲလောင်းထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို လင်ဗန်းပေါ်တွင် လောင်းထည့်ပြီးနောက် ရေခဲသေတ္တာထဲတွင် တစ်နာရီခန့် အအေးခံထားလိုက်ပါ။

၄။ ထိုအချိန်တွင် စတော်ဘယ်ရီသီးများကို တစ်လုံးလျှင် လေးခြမ်းစီ ခြမ်းထားလိုက်ပါ။ ထို့နောက် သကြား စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောမွှေထားလိုက်ပါ။ ပြီးရင်တော့ ပလပ်စတစ်ဖြင့် လုံအောင် အုပ်ထားပြီးနောက် ရေခဲသေတ္တာထဲ အအေးခံထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အယ်လ်မွန်ပူတင်းကို မိမိစားနိုင်မယ့်အရွယ်အစားခန့် လှီးဖြတ်ပြီးနောက် ပန်းကန်လုံးထဲထည့်ထားလိုက်ပါ။ စတော်ဘယ်ရီခြမ်းများကို ထိုပူတင်းပေါ်မှ လောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အချိုပွဲအနေနဲ့ စားသုံးနိုင်တဲ့ စတော်ဘယ်ရီ အယ်လ်မွန်ပူတင်းလေး ရရှိသွားပါပြီ။

Source : Omnivorescookbook.com