အားလုံးပဲမင်္ဂလာပါနော်။ အာလူးလည်းကြိုက်တယ်။ ကင်းပုံသီးလည်း ကြိုက်တဲ့သူတွေအတွက် အရသာရှိပြီးလုပ်ရလွယ်ကူတဲ့ အာလူး၊ ကင်းပုံချက်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကင်းပုံသီး ၂၅၀ ဂရမ်
  • အာလူးအကြီး ၁ လုံး
  • ခရမ်းချဉ်သီး ၁ လုံး
  • ငရုတ်သီးအစိမ်း ၁ လုံး
  • ငရုတ်သီးမှုန့် အနည်းငယ်

  • နနွင်းမှုန့်အနည်းငယ်
  • ဇီယာမှုန့် အနည်းငယ်
  • မဆလာမှုန့်အနည်းငယ်
  • ဆီ
  • နံနံပင်၊ ဆားအနည်းငယ်

ပြုလုပ်နည်း

ကင်းပုံသီးကို ရေဆေးလိုက်ပါ။ ပြီးရင်တော့ အရှည်လေးထပ်ခြမ်းခြမ်းကာ လှီးလိုက်ပါ။

အာလူးကိုအခွံနွှာလိုက်ပါ။ ပြီးရင်တော့ ရေသေချာဆေးပြီး အတုံးလေးတွေလှီးလိုက်ပါ။

ခရမ်းချဉ်သီးနဲ့ ငရုတ်သီးကိုလည်း ရေဆေးပြီး လှီးလိုက်ပါ။

ဆီကိုအပူပေးလိုက်ပြီး ကင်းပုံသီးထည့်လိုက်ပါ။ ပြီးရင်တော့ ခဏလောက်မွှေပေးလိုက်ပါ။ အဲဒီနောက် အာလူးထည့်ပြီး မွှေပေးလိုက်ကာ  ငရုတ်သီးထည့်လိုက်ပါ။ တကယ်လို့ ခြောက်ကပ်ကပ်ကြီးဖြစ်နေရင် ရေနည်းနည်းထည့်ပါ။

ခရမ်းချဉ်သီးလေးထည့်လိုက်ပြီး ဆားနဲ့ တခြားကျန်တဲ့ပါဝင်ပစ္စည်းတွေထည့်လိုက်ပါ။

ပြီးရင်တော့ သေချာလေးမွှေပေးလိုက်ပြီး ကျက်ပြီဆိုရင်တော့ နံနံပင်တောက်တောက်စဉ်းလေးထည့်လိုက်ပါ။ ပြီးရင် ခဏလောက်မွှေပေးလိုက်ပြီးသုံးဆောင်နိုင်ပါတယ်။