အားလုံးပဲ မင်္ဂလာပါ။ အသုပ်စပ်စပ်တွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ တရုတ်စတိုင်လ် အာလူးသုပ် စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• အာလူး ၄ လုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
• ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
• ငရုတ်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
• ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း

• နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ အနည်းငယ်
• ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
• သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဆားအနည်းငယ်
• တရုတ်နံနံ ၄ ပင်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါးပါးလှီးထားသော အာလူးများကို ရေသန့်သန့်ထဲတွင် ၂ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ အိုးထဲသို့ ရေထည့်ပြီးနောက် အပူပေးကာ ရေနွေး ပွက်ပွက်ဆူလာပါက အာလူးများကို ၃ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ၃ မိနစ်ပြည့်ပါက အာလူးများကို ဆယ်ယူကာ ပန်းကန်လုံးတစ်လုံးထဲထည့်ထားပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ဆီပူလာပါက ကြက်သွန်ဖြူနဲ့ ကြက်သွန်မြိတ်တို့ကို အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ပဲငံပြာရည်၊ ငရုတ်ဆီ၊ ဆား၊ သကြား၊ ရှာလကာရည်၊ နှမ်းဆီနှင့် နှမ်းစေ့များထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ဆီအရောအနှောများကို အာလူးပေါ် လောင်းထည့်လိုက်ပါ။ ထို့နောက် တရုတ်နံနံများထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ တရုတ်စတိုင်လ် အာလူးသုပ် စပ်စပ်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com