အားလုံးပဲ မင်္ဂလာပါ၊ ပိတ်ရက်မှာ ဟင်းလျာအသစ်အဆန်းပြင်ဆင်ချက်ပြုတ်ချင်သူများအတွက် ရိုးရှင်းလွယ်ကူတဲ့ အမေရိကန်စတိုင် ဝက်အူချောင်းအာလူးကြော်ဟင်းလျာပြုလုပ်နည်းကို မိတ်ဆက်ပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • သင့်အိမ်ကမိသားစုဝင်တွေ စားသုံးမဲ့ အာလူးပမာဏ
  • ဝက်အူချောင်း ၁ ပေါင် (သို့) ၂ ပေါင် ခန့်
  • ပါးပါးလှီးထားသော ကြက်သွန်နီ ပန်းကန်လုံး ၂ လုံးစာ
  • ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်
  • အရသာမြည်းစမ်းရန် ဆား၊ ငရုတ်ကောင်း အနည်းငယ်

ပြုလုပ်နည်း

အာလူးများကို အခွံခွာပြီး အတုံးသေးသေးတုံးကာ ရေစိမ်ထားပါ။ အာလူးအစိမ်းအတိုင်းထည့်ကြော်ပါက အပြင်ပိုင်းသာကျက်ပြီး အတွင်းသားမာဆတ်ဆတ်ဖြစ်နိုင်တဲ့အတွက် Microwave ထဲမှာ ၁၀ မိနစ်ခန့် ထည့်လိုက်ပါ။

ကြက်သွန်နီကို အတုံးသေးသေးတုံးလိုက်ပါ။

ဝက်အူချောင်းများကိုလည်း မိမိကြိုက်နှစ်သက်ရာ အရွယ်အစားခန့် အတုံးတုံးလိုက်ပါ။

ထို့နောက် ဒယ်အိုးထဲထည့်ကြော်လိုက်ပါ။

အနည်းငယ်ငယ် ကြွပ်ဆတ်လာပြီဆိုရင်တော့ မီးအပူချိန်လျော့ပြီး ကြက်သွန်ဖြူထည့်လိုက်ပါ။

ပြီးရင် ပန်းကန်လုံးတစ်ခုထဲ သပ်သပ်ခပ်ထုတ်ထားပါ။

အိုးထဲမှာ ကျန်ခဲ့တဲ့ ကြက်အူချောင်းအဆီထဲသို့ ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် ထပ်ထည့်လိုက်ပါ။ ပြီးရင် Microwave ထဲထည့်ချက်ထားတဲ့ အာလူးအတုံးတွေကို ဒယ်အိုးထဲထည့်ပြီး ကြာကြာမွှေပေးပါ။

အရသာမြည်းစမ်းဖို့အတွက် ဆား၊ ငရုတ်ကောင်းဖြူးပေးပါ။

အာလူးတုံးများက ရွှေအိုရောင်သမ်းလာပြီဆိုရင် ခုနက ပန်းကန်လုံးထဲထည့်ထားတဲ့ ဝက်အူချောင်းကြော်ကို လောင်းထည့်လိုက်ပါ။ အနည်းငယ်မွှေပြီးတဲ့နောက်မှာ မီးဖိုပေါ်ကချပြီး အိုးထဲမှာပဲ သူ့အပူအတိုင်းနွေးနေပါစေ။

ထို့နောက်အခြားဒယ်အိုးတစ်ခုနဲ့ ကြက်ဥနှစ်လုံးကို Half-fried ကြော်လိုက်ပါ။

ကြက်ဥအနှစ်ကို မပေါက်သွားအောင် သေချာဂရုစိုက်ပြီး ဟိုဘက်ဒီဘက်လှန်ပေးပါ။

အားလူးဝက်အူချောင်းကြော်ကို အိုးထဲကခပ်ပြီး ပန်းကန်ပြားထဲထည့်လိုက်ပါ။ ထို့နောက် ကြက်ဥ Half-fried ကို အာလူးကြော်အပေါ်မှာထားထားပါ။ ထမင်းစားမဲ့အချိန်မှာ ကြက်ဥရဲ့အနှစ်ကို ဖောက်ချလိုက်မယ်ဆိုရင် သူ့အနှစ်တွေက အာလူးပေါ်ကို စီးကျလာပါလိမ့်မယ်။ ဒါဆိုရင်တော့ အရသာရှိတဲ့ အမေရိကန်စတိုင်အားလူးဝက်အူချောင်းကြော်ကို သုံးဆောင်နိုင်ပါပြီ။

Source: menumusings.blogspot.com