စားကောင်းသောက်ဖွယ်တွေ စိတ်ကြိုက်စားပြီး ကိုယ်အလေးချိန်တက်လာလို့ စိတ်ညစ်နေပြီလား။ တစ်ရက်ကို တစ်ပေါင်နှုန်းနဲ့ ၇ ရက်ကို ၇ ပေါင်ခန့် ကျချင်နေပြီလား။ ဝိတ်လျော့တဲ့သူတွေကတော့ ပန်းသီးရှာလကာဖျော်ရည် သောက်သုံးခြင်းက တစ်ရက်ကို တစ်ပေါင်ကျတယ်လို့ ပြောကြပါတယ်။ ဒါက တကယ်ရော မှန်ပါ့မလားလို့ သံသယဖြစ်နေပါသလား။

စာဖတ်သူအနေနဲ့ အမှန်တကယ်လည်း ဝိတ်ချချင်တဲ့အပြင် အခြားသောကျန်းမာရေးအကျိုးကျေးဇူးတွေပါ ခံစားချင်တယ်ဆိုရင်တော့ ပန်းသီးရှာလကာရည်ကို သောက်သုံးသင့်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေ ဖန်ခွက် တစ်ခွက်စာ
  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဘယ်ရီသီး အနည်းငယ်နှင့် ပင်စိမ်းရွက် အနည်းငယ်

ပြုလုပ်နည်း

၁။ ဖန်ခွက်ထဲသို့ ရေ၊ ရေခဲတုံး၊ ပန်းသီးရှာလကာရည်၊ သံပုယိုရည်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၂။ ထို့နောက် မိမိကြိုက်နှစ်သက်ရာ ဘယ်ရီသီးများနှင့် ပင်စိမ်းရွက်တို့ထည့်ကာ သမအောင် ထပ်မံရောမွှေလိုက်ပါ။

ထိုပါဝင်ပစ္စည်းများအပြင် ဂျင်း၊ ပျားရည်နှင့် မိမိကြိက်နှစ်သက်ရာ သစ်သီးမျိုးစုံကို ထပ်ထည့်ကာ အရသာရှိအောင် ပြင်ဆင်နိုင်ပါသေးတယ်။

ရရှိလာတဲ့ ဖျော်ရည်ကို တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ်ခန့် မှန်မှန်သောက်သုံးပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကျမယ့်အပြင် အစာခြေစနစ်ကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။

အခြားခံစားရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကတော့…

ကိုယ်ခံစွမ်းအား မြင့်တင်ပေးခြင်း၊ အသားအရည် လှပစေခြင်း၊ စိတ်ဖိစီးမှုများမှ ကာကွယ်ပေးခြင်း၊ မကြာခဏ ဆာလောင်တတ်ခြင်းမှ ကာကွယ်ပေးခြင်း၊ ရေဓာတ်ဖြည့်တင်းပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

Source: Delightfulmomfood.com