ချိစ်အစာသွပ် အာလူးကပ်သလစ်ကြော်၊ ချိစ်အစာသွပ် အသားလုံးကြော်များကို လုပ်စားဖူးကြပေမယ့် ချိစ်အစာသွပ် ထမင်းလုံးကြော်ကိုတော့ တစ်ခါမှ လုပ်မစားဖူးကြသေးဘူးနဲ့ တူတယ်နော်။

အစားအစာအသစ်အဆန်းများကို တီထွင်ချက်ပြုတ်ရတာ ဝါသနာပါသူများအတွက် ဒီတစ်ခါမှာတော့ မီနူးအသစ်လေးတစ်ခုဖြစ်တဲ့ ချိစ်အစာသွပ် ထမင်းလုံးကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • Parmesan ချိစ် ပန်းကန်လုံးတစ်ဝက်စာ (ခြစ်ပြားဖြင့် ခြစ်ထားပါ)
  • ကြက်ဥ ၃ လုံး
  • Mozzarella ချိစ်ခဲ ၈ တုံး
  • အကြော်ခံ ပေါင်မုန့်အကြေအစများ ပန်းကန်လုံး ၁ လုံးစာ

  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ထမင်း၊ Parmesan ချိစ်နှင့် ကြက်ဥ ၁ လုံးတို့ ဖောက်ထည့်ကာ သမအောင် နယ်လိုက်ပါ။

၂။ ထို့နောက် ထမင်းဆုပ် အနည်းငယ် ခပ်ယူပြီးနောက် ကျစ်နေအောင် လုံးလိုက်ပါ။ ထို့နောက် ထမင်းဆုပ်ရဲ့ အလယ်တည့်တည့်တွင် ချိစ်ခဲ တစ်ခဲထည့်ပြီးနောက် ဘောလုံးပုံသဏ္ဍာန် ဖြစ်သွားအောင် လုံးပေးလိုက်ပါ။

ချိစ်ခဲ ၈ ခဲ ရှိတဲ့အတွက်ကြောင့် ထမင်းလုံး ၈ လုံး ရလာပါလိမ့်မယ်။

၃။ ကျန်ရှိနေတဲ့ ကြက်ဥ ၂ လုံးကိုတော့ မွှေခလောက်ထားပါ။ ချိစ် ထမင်းလုံးများကို ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ပေါင်မုန့်ဖြင့် ကပ်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။ ဆီပူလာပါက စောစောက ထမင်းလုံးများ ထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

ရွှေညိုရောင် ပြောင်းသွားတဲ့ ချိစ် ထမင်းလုံးလေးကို ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ် ထမင်းလုံးကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Justataste.com