(Unicode)
အားလုံးပဲ မင်္ဂလာပါ။ အစားအသောက် အသစ်အဆန်းတွေကို မြည်းစမ်းကြည့်ချင်တဲ့ MyFood Myanmar ရဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာကတော့ ချိစ်အရသာ ဝက်သားလိပ် ငရုတ်ပွဟင်းလျာ ပြုလုပ်နည်းပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငရုတ်ပွ ၈ တောင့်
- ခရင်မ်ချိစ် ၄ အောင်စခန့်
- ဒိန်ခဲ ၄ အောင်စ (အချောင်းလိုက် ခြစ်ချထားပါ)
- ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ဝက်သားပြား ၈ ပြား
- သွားကြားထိုးတံ ၈ ချောင်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။
၂။ ငရုတ်ပွကို အပေါက်ခပ်သေးသေးလေး ဖောက်ထားပြီးနောက် အထဲကအစေ့နှင့် အူတိုင်များကို ဖယ်ထုတ်ထားပါ။
၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ခရင်မ်ချိစ်၊ ဒိန်ခဲနှင့် ကြက်သွန်ဖြူမှုန့်တို့ကို သမအောင် ရောနယ်ထားလိုက်ပါ။ ရရှိလာတဲ့ချိစ်အရောအနှောကို ငရုတ်ပွထဲထည့်သိပ်ထားလိုက်ပါ။
၄။ ထို့နောက် ထိုငရုတ်ပွတစ်ခုချင်းစီကို ဝက်သားပြား တစ်ပြားချင်းစီဖြင့် ပတ်ထားပေးလိုက်ပါ။ ထို့နောက် သွားကြားထိုးတံဖြင့် ထိုးထားလိုက်ပါ။
၅။ ထိုဝက်သားလိပ် ငရုတ်ပွကို Oven ထဲထည့်မည့် လင်ဗန်းပေါ်တွင် တင်ထားပြီးနောက် Oven ထဲတွင် ၂၅ မိနစ်၊ မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။
အချိန်ပြည့်သွားပါက ဝက်သားပြားက ကြွပ်ရွသွားပြီး ချိစ်နံ့သင်းတဲ့ ဝက်သားလိပ် ငရုတ်ပွလေး ရရှိသွားပါလိမ့်မယ်။
Source: Spicysouthernkitchen.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ အစားအေသာက္ အသစ္အဆန္းေတြကို ျမည္းစမ္းၾကည့္ခ်င္တဲ့ MyFood Myanmar ရဲ႕ Foodies ေလးေတြအတြက္ ဒီတစ္ခါမွာ ေဝမွ်ေပးခ်င္တဲ့ အစားအစာကေတာ့ ခ်ိစ္အရသာ ဝက္သားလိပ္ ငရုတ္ပြဟင္းလ်ာ ျပဳလုပ္နည္းပဲျဖစ္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ငရုတ္ပြ ၈ ေတာင့္
- ခရင္မ္ခ်ိစ္ ၄ ေအာင္စခန္႔
- ဒိန္ခဲ ၄ ေအာင္စ (အေခ်ာင္းလိုက္ ျခစ္ခ်ထားပါ)
- ၾကက္သြန္ျဖဴမႈန္႔ လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု
- ဝက္သားျပား ၈ ျပား
- သြားၾကားထိုးတံ ၈ ေခ်ာင္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ Oven ကို ၄၀၀ ဒီဂရီဖာရင္ဟိုက္ျဖင့္ ႀကိဳတင္အပူေပးထားပါ။
၂။ ငရုတ္ပြကို အေပါက္ခပ္ေသးေသးေလး ေဖာက္ထားၿပီးေနာက္ အထဲကအေစ့ႏွင့္ အူတိုင္မ်ားကို ဖယ္ထုတ္ထားပါ။
၃။ ပန္းကန္လံုးတစ္လံုးထဲတြင္ ခရင္မ္ခ်ိစ္၊ ဒိန္ခဲႏွင့္ ၾကက္သြန္ျဖဴမႈန္႔တို႔ကို သမေအာင္ ေရာနယ္ထားလိုက္ပါ။ ရရွိလာတဲ့ခ်ိစ္အေရာအေႏွာကို ငရုတ္ပြထဲထည့္သိပ္ထားလိုက္ပါ။
၄။ ထို႔ေနာက္ ထိုငရုတ္ပြတစ္ခုခ်င္းစီကို ဝက္သားျပား တစ္ျပားခ်င္းစီျဖင့္ ပတ္ထားေပးလိုက္ပါ။ ထို႔ေနာက္ သြားၾကားထိုးတံျဖင့္ ထိုးထားလိုက္ပါ။
၅။ ထိုဝက္သားလိပ္ ငရုတ္ပြကို Oven ထဲထည့္မည့္ လင္ဗန္းေပၚတြင္ တင္ထားၿပီးေနာက္ Oven ထဲတြင္ ၂၅ မိနစ္၊ မိနစ္ ၃၀ ခန္႔ ထည့္ထားလိုက္ပါ။
အခ်ိန္ျပည့္သြားပါက ဝက္သားျပားက ၾကြပ္ရြသြားၿပီး ခ်ိစ္နံ႔သင္းတဲ့ ဝက္သားလိပ္ ငရုတ္ပြေလး ရရွိသြားပါလိမ့္မယ္။
Source: Spicysouthernkitchen.com