ဆီကို နေ့စဉ် အသုံးများသော သူများအတွက် ဆီမပါဘဲ အရသာရှိရှိ စားနိုင်မယ့် ကြက်သားသုပ်လေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် – ၂ ပေါင် (ပြုတ်ထားပါ)
 - နံနံပင် – ၁ စည်း (ခပ်ကြမ်းကြမ်းလှီးထားပါ)
 - ကြက်သွန်မြိတ် – ၃ ပင် (လက်တစ်ဆစ်လောက်ပိုင်းထားပါ)
 - ငရုတ်သီးစိမ်း – ၃ တောင့် (ပါးပါးလှီးထားပါ)
 - Thai Spicy Salad Dressing – စားပွဲဇွန်း ၇ ဇွန်း (လိုသလောက်ထည့်ပါ)
 - ခရမ်းချဉ်သီး – ၅ လုံး (အရှည်လိုက်ပါးပါးလှီးထားပါ)
 - ခရမ်းချဉ်သီး – ၅ လုံး (အရှည်လိုက်ပါးပါးလှီးထားပါ)
 - ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း(လိုသလောက်ထည့်ပါ)
 - နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
 - ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
 - ကရဝေးရွက် – ၂ ရွက်
 - ချင်း – ၁ စင်တီမီတာ
 
ပြုလုပ်နည်း
- ဇောက်နက်အိုးထဲ ကြက်ပေါင်၊ နနွင်းမှုန့်၊ ငံပြာရည်၊ ကရဝေးရွက်နှင့် ချင်းများထည့်ပြီး ကြက်ပေါင်မြုပ်တဲ့အထိ ရေထည့်ပါ။ ကြက်သား နူးအိတဲ့အထိတည်ပါ။
 - ကြက်သားတုံးများဆယ်ပြီး အအေးခံထားပါ။ အေးလျှင် ကြက်သားအမျှင်လေးများ မျှင်ထားပါ။
 - ဖန်ဇလုံအကြီးထဲ ကြက်သားမျှင်နှင့် ကျန်ပါဝင်ပစ္စည်းများ ကိုယ့်စိတ်ကြိုက် အရသာအတိုင်း ထည့်ပြီး နှံ့အောင်နယ်ပါ။ လတ်လတ်ဆတ်ဆတ် ချက်ချင်းစားပါ။ ထမင်းနှင့် သုံးဆောင်လျှင်လည်း ထမင်းမြိန်စေပါတယ်။