ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ – ၁၂ ချောင်း
  • ပဲငံပြာရည်အကြည် – ၄ဇွန်း(စားပွဲတင်ဇွန်း)
  • နှမ်းဆီ – ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • ခရုဆီ – ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • သကြား – ၂ ဇွန်း (စားပွဲတင်ဇွန်း)

Source: freshtohome.com

  • ငရုပ်သီးမှုန့် – ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • ကြက်သွန်နီမှုန့် – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)
  • ပင်စိမ်းရွက်အမှုန့် – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • ငရုပ်ကောင်းမှုန့် (အနည်းငယ်)

ပြုလုပ်နည်း

ပထမဆုံး ကြက်တောင်ပံများကို ရေစင်အောင်ဆေးပြီး ဓားဖြင့်အနည်းငယ်စီမွှန်းပြီး အရာပေးပါ။

Source: Reader’s Digest

ပါဝင်ပစ္စည်းများအားလုံးကို ဇလုံတစ်ခုထဲတွင် ရောထည့်ပါ။

ကြက်သွန်နီမှုန့် (Onion Powder)၊ ငရုပ်သီးမှုန့် (Chilli Powder)၊ ပင်စိမ်းရွက်မှုန် (Basil Powder) တို့နှင့် ပါဝင်ပစ္စည်းများ အားလုံးကို ရောမွှေပြီး ကြက်တောင်ပံများကိုပါထည့်၍ သမအောင်မွှေ၍ ပလက်စတစ်အိပ်ထဲထည့်ပြီး လေလုံအောင်ပိတ်ကာ ရေခဲ သေတ္တာထဲတွင် ၄နာရီခန့် ထည့်ထားပြီး အသင့်ကင်လို့ရပါပြီ။

Source: Serious Eats

ကြက်တောင်ပံများကို တစ်ခုချင်းစီ ဒုတ်ဖြင့်ထိုး၍ဖြစ်စေ၊ မီးဖိုပေါ်တွင် သံဇကာခံ၍ဖြစ်စေ၊ အဆင်ပြေသလို ကင်လို့ရပါသည်။

ကြက်တောင်ပံများကို ကင်နေချိန်တွင် အပေါ်မှ နှမ်းဆီအနည်းငယ်သုတ်ပေးနိုင်ပါသည်။ မကပ်စေရန်အတွက်ဖြစ်ပါသည်။

Credit: ဇွဲသုသု