လူကြိုက်များသော ကြက်ရိုးပြုတ်ရည်မှာ ကော်လာဂျင်၊ ဂျယ်လတင် နဲ့ Glycine တို့လို အာဟာရဓာတ် တွေ ကြွယ်ဝစွာပါ၀င်ပြီး အာဟာရအရှိ ဆုံး အစားအစာများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကို ပြေလျော့စေပြီး အရေပြားနဲ့ အရိုးအဆစ် ကျန်းမာရေး အတွက်လည်း သောက်သုံးလို့ရပါတယ်။ ကြက်ရိုးပြုတ်ရည်လုပ်နည်းက အရမ်းလွယ်ပြီး လုံးဝမခက်တာကြောင့် အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ ရပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်လည်ပင်း/ခြေ/တောင်ပံ 4 ပေါင် (ကြက်တစ်ကောင်လုံးမှ အရိုးများကို အသုံးပြုနိုင်ပါတယ်)
- မုန်လာဥနီ 3 ဥ ကို အခွံနွှာပြီး လှီးထားပါ။
- တရုတ်နံနံ ၃ ပင်ကို လှီးဖြတ်ပါ။
- ကြက်သွန်နီအလတ် ၂ လုံးကို အခွံနွှာပြီး အလျားလိုက် တစ်ဝက်စီလှီးထားပါ။
- ကြက်သွန်ဖြူ ၄ မွှာကို အခွံနွှာပြီး ထောင်းထားပါ။
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပန်းသီးရှာလကာရည် ၃ ဇွန်း
- ကရဝေးရွက် ၂
- ရေအေး 18-20 ခွက်
ပါဝင်ပစ္စည်းများအားလုံးကို မီးဖိုပေါ်ရှိ အိုးကြီးထဲတွင် ထည့်ပါ
အသီးအရွက်များထည့်ပါ။ ရေထည့်ပါ။ဆူအောင်တည်ထားပြီး အပူကိုလျှော့ပြီး မီးအေးအေးနဲ့တည်ထားပါ။ အဆီကျအောင် 24-48 နာရီ နှပ်ထားပါ။ အချိန်ကြာကြာတည်တာက ပါဝင်ပစ္စည်းတွေရဲ့အရသာကို တိုးစေပါတယ်။
ကျက်သွားတဲ့အခါ အနည်းငယ် အအေးခံပါ။ အကြွင်းအကျန်များကို ဆန်ခါနဲ့ ဇလုံတစ်ခုထဲမှာ စစ်ပါ။ အခန်းအပူချိန်မှာ အဖုံးအုပ်ပြီး အအေးခံ ထားပါ။
အအေးခန်းထဲမှာ ခဲထားပြီးစားမယ်ဆိုရင်တော့ ၃လအထိ စားသုံးလို့ရပါတယ်။