အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မြန်မာပါးစပ်နဲ့ အစပ်အဟပ်တည့်အောင် ချက်ပြုတ်ပြင်ဆင်ထားတဲ့ ကြက်သားသုပ်အစပ်ဟင်းလျာ ပြုလုပ်နည်းကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီထုပ် ၄ ပုံ ၁ ပုံ (ပါးပါးလှီးထားပါ)
  • ပဲလုံးစိမ်း ၆၀ ဂရမ်
  • မုန်လာဥနီ ၂ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • သခွားသီး ၂ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ကြက်သား ၁ ပေါင်ခွဲ (ပြုတ်ပြီး အသားများနွှင်ထားပါ)
  • ငရုတ်သီးကြက်သွန်ဆော့စ် ပန်းကန်လုံးတစ်ဝက်စာ
  • ပျားရည် စားပွဲတင်ဇွန်း ၆ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သံပုရာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • မြေပဲအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲလုံးစိမ်းကို နူးအိနေအောင် ပြုတ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်သား၊ ဂေါ်ဖီ၊ ပဲလုံးစိမ်း၊ မုန်လာဥနီ၊ သခွားသီးနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး သမအောင် ရောနယ်ထားပါ။ ထို့နောက် ဇလုံကို အဖုံးအုပ်ထားကာ တစ်နာရီခန့် နှပ်ထားလိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင်လည်း ငရုတ်သီးကြက်သွန်ဆော့စ်၊ ပျားရည်၊ ဆီ၊ ရှာလကာရည်၊ သံပုရာရည်တို့ထည့်ကာ သမအောင် ရောမွှေထာားလိုက်ပါ။ ထို့နောက် တစ်နာရီခန့် နှပ်ထားပေးရပါဦးမယ်။

၄။ အချိန်ပြည့်သွားတဲ့အခါမှာတော့ ကြက်သားပန်းကန်ထဲသို့ အချဉ်ဆော့စ်များ လောင်းထည့်ကာ ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောနယ်ပေးလိုက်ပါ။

၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သားသုပ် စပ်စပ်လေးရရှိသွားပါပြီ။

ထို့နောက် မိမိစားသုံးနိုင်တဲ့ ပမာဏအနည်းငယ်ကို ပန်းကန်ပြားထဲပြောင်းထည့်ကာ မြေပဲဖြူးထည့်ပေးလိုက်ပါ။ ကျန်ရှိနေတဲ့ ကြက်သားသုပ်ကို ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားနိုင်ပါတယ်။

Source: Pinchofyum.com