အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ဝက်သားဖက်ထုပ်ပေါင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တရုတ်ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဝက်သား ဝ.၅ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ဖက်ထုပ်လိပ်ရန် လိုအပ်သော ဂျုံပြား ၁ ထုပ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် တရုတ်ပဲငံပြာရည်၊ ခရုဆီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငါးငံပြာရည်နှင့် ဂျင်းတို့ထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် နုပ်နုပ်စဉ်းထားသော ဝက်သားထည့်ကာ သမအောင် နယ်လိုက်ပါ။

၂။ ရရှိလာတဲ့ ဝက်သားအစာသွပ်များကို စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ခပ်ယူပြီး ဂျုံပြားရဲ့အလယ်တည့်တည့်တွင် ထည့်ထားလိုက်ပါ။

၃။ ထို့နောက် ဂျုံပြားရဲ့ဘေးပတ်ပတ်လည်အနားသားများကို ရေဆွတ်ပြီးနောက် လခြမ်းပုံသဏ္ဍာန် လိပ်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ဖက်ထုပ်များကို ပေါင်းအိုးထဲထည့်ကာ ၁၂ မိနစ် ထည့်ပေးလိုက်ပါ။

အားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားဖက်ထုပ်ပေါင်းလေး ရရှိသွားပါပြီ။

Source: Fifteenspatulas.com