အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ အချဉ်ဖောက်ထားသော ပဲပြားကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • သဘာဝသံလွင်ဆီစစ်စစ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပဲပြား ၁ ပေါင်ခန့် (တြိဂံပုံသဏ္ဍာန် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆန်ရှာလကာရည်၊ ပဲငံပြာရည်အကြည်နှင့် အနောက်၊ နှမ်းဆီ၊ သကြား၊ ငရုတ်သီးအနှစ်၊ ကြက်သွန်ဖြူနှင့် သံလွင်ဆီတို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် ပန်းကန်လုံးကို ဖုံးအုပ်ထားပြီးနောက် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ပဲပြားတုံးများထည့်ပြီး ရွှေညိုရောင် သမ်းလာသည်အထိ ကြော်ပေးလိုက်ပါ။

၃။ ကြော်ပြီးသော ပဲပြားများကို ဇောက်နက်သော ပန်းကန်ပြားထဲ ထည့်ထားပြီးနောက် စောစောက စပ်ထားသော ပဲငံပြာရည်တို့ကို ပဲပြားပေါ်သို့ လောင်းထည့်လိုက်ပါ။

၄။ ထို့နောက် ထိုပန်းကန်လုံးကို ပလပ်စတစ်အိတ်ဖြင့် လုံအောင် အလုပ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် တစ်ညတာခန့် ထည့်ထားလိုက်ပါ။

၅။ တစ်ညတာလုံး နှပ်ထားပြီးတဲ့နောက်မှာတော့ ပဲပြားများကို ဆန်ခါဖြင့် စစ်ထုတ်လိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲတွင် စီစီရီရီအလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ အချဉ်ဖောက်ထားသော ပဲပြားကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com