(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဖက်ထုပ်စားရတာကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ဝက်သားဖက်ထုပ်ပေါင်းပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား ၁ ပေါင်ခန့်(နုပ်နုပ်စဉ်းထားပါ)
- ဂေါ်ဖီထုပ် တစ်ခြမ်း (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် တစ်စည်း (ပါးပါးလှီးထားပါ)၊ ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)နှင့် တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
- ပုစွန်ခြောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဖက်ထုပ်လိပ်ရန်အသင့်လုပ်ဂျုံပြားတစ်ထုပ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပုစွန်ခြောက်ကို ညှက်နေအောင်ထောင်းထားပါ။ ထို့နောက် ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပုစွန်ခြောက်၊ ပါးပါးလှီးထားသော ဂေါ်ဖီထုပ်၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ နုပ်နုပ်စဉ်းထားသော ဝက်သား၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူနှင့် ဂျင်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်၊ မွှေခလောက်ထားသော ကြက်ဥ၊ ငရုတ်ကောင်းမှုန့်နှင့် ပြောင်းမှုန့်တို့ထည့်ပြီး သမအောင် နယ်ဖတ်ထားလိုက်ပါ။
၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ရေထည့်ထားပါ။ ဂျုံပြားကို လက်ဖဝါးတစ်ဖက်ပေါ်တင်ပြီးနောက် ကျန်လက်ချောင်းလေးများကို ရေဆွတ်ပေးလိုက်ပါ။ ထို့နောက် ဂျုံပြားရဲ့အနားသတ်များကို ရေဆွတ်ပေးလိုက်ပါ။
၃။ ဂျုံပြားရဲ့ အလယ်ဗဟိုတည့်တည့်က စောစောကသမအောင် နယ်ထားသော အစာသွပ်များကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာခန့်ထည့်ပြီးနောက် ဂျုံပြားကို လခြမ်းပုံသဏ္ဍာန်ဖြစ်သွားအောင် ပိတ်လိုက်ပါ။ ထို့နောက် လေလုံဖို့ရန်အတွက်ဂျုံအနားသားများကို လက်ဖြင့်ဖိပေးလိုက်ပါ။ အစာသွပ်များအားလုံးကုန်သွားသည်အထိ ဖက်ထုပ်များကို အဆင်သင့်ထုပ်ထားလိုက်ပါ။
၄။ ထို့နောက် အိုးတစ်လုံးထဲသို့ ရေ တစ်လက်မအနက်ခန့်ရအောင် ထည့်ထားလိုက်ပါ။ ဖက်ထုပ်ပေါင်းမယ့် ကြိမ်ခြင်းထဲသို့ ဂေါ်ဖီရွက်အနည်းငယ်ထည့်လိုက်ပါ။ ဂေါ်ဖီရွက် မခံထားဘူးဆိုရင်တော့ ဖက်ထုပ်များ ခြင်းထဲမှာ ကပ်နေပါလိမ့်မယ်။
၅။ ထို့နောက် ဖက်ထုပ်များကို ကြိမ်ခြင်းထဲတွင် အစီအရီထည့်ပြီးနောက် ရေထည့်ထားသော အိုးထဲတွင်အဖုံးပိတ်လျက်သားဖြင့် ၅ မိနစ်၊ ၆ မိနစ်ခန့် ထည့်ပေါင်း ထားလိုက်ပါ။
၆။ အချိန်ပြည့်သွားပြီဆိုရင်တော့ဖက်ထုပ်များကို ပန်းကန်ပြားထဲသို့ ဆယ်ထည့်ပြီးနောက် ကြက်သွန်မြိတ်ဖြူးကာ မိမိနှစ်သက်ရာ အချဉ်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: Garlicandzest.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဖက္ထုပ္စားရတာႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ အရသာရွိတဲ့ ဝက္သားဖက္ထုပ္ေပါင္းျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ဝက္သား ၁ ေပါင္ခန္႔(ႏုပ္ႏုပ္စဥ္းထားပါ)
- ေဂၚဖီထုပ္ တစ္ျခမ္း (ပါးပါးလွီးထားပါ)
- ၾကက္သြန္ၿမိတ္ တစ္စည္း (ပါးပါးလွီးထားပါ)၊ ၾကက္သြန္ျဖဴ ၁ ျမႊာ (ပါးပါးလွီးထားပါ)ႏွင့္ တစ္လက္မပတ္လည္ ဂ်င္းတံုးတစ္တံုး (ပါးပါးလွီးထားပါ)
- ပဲငံျပာရည္ စားပြဲတင္ဇြန္း ၃ ဇြန္း၊ ခရုဆီ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း
- ဆား လက္ဖက္ရည္ဇြန္းတစ္ဝက္ႏွင့္ ႏွမ္းဆီ လက္ဖက္ရည္ဇြန္းတစ္ဝက္
- ပုစြန္ေျခာက္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
- ၾကက္ဥ ၁ လံုး (ေမႊခေလာက္ထားပါ)
- ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု
- ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၁ ဇြန္း
- ဖက္ထုပ္လိပ္ရန္အသင့္လုပ္ဂ်ံဳျပားတစ္ထုပ္
ျပဳလုပ္နည္းအဆင့္ဆင့္
၁။ ပုစြန္ေျခာက္ကို ညွက္ေနေအာင္ေထာင္းထားပါ။ ထို႔ေနာက္ ပန္းကန္လံုးအႀကီးတစ္လံုးထဲတြင္ ပုစြန္ေျခာက္၊ ပါးပါးလွီးထားေသာ ေဂၚဖီထုပ္၊ ဆား လက္ဖက္ရည္ဇြန္းတစ္ဝက္၊ ႏုပ္ႏုပ္စဥ္းထားေသာ ဝက္သား၊ ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္၊ ၾကက္သြန္ျဖဴႏွင့္ ဂ်င္း၊ ပဲငံျပာရည္ စားပြဲတင္ဇြန္း ၃ ဇြန္း၊ ခရုဆီ စားပြဲတင္ဇြန္း ၁ ဇြန္း၊ သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း၊ ႏွမ္းဆီ လက္ဖက္ရည္ဇြန္းတစ္ဝက္၊ ေမႊခေလာက္ထားေသာ ၾကက္ဥ၊ ငရုတ္ေကာင္းမႈန္႔ႏွင့္ ေျပာင္းမႈန္႔တို႔ထည့္ၿပီး သမေအာင္ နယ္ဖတ္ထားလိုက္ပါ။
၂။ ပန္းကန္လံုးအေသးတစ္လံုးထဲတြင္ ေရထည့္ထားပါ။ ဂ်ံဳျပားကို လက္ဖဝါးတစ္ဖက္ေပၚတင္ၿပီးေနာက္ က်န္လက္ေခ်ာင္းေလးမ်ားကို ေရဆြတ္ေပးလိုက္ပါ။ ထို႔ေနာက္ ဂ်ံဳျပားရဲ႕အနားသတ္မ်ားကို ေရဆြတ္ေပးလိုက္ပါ။
၃။ ဂ်ံဳျပားရဲ႕ အလယ္ဗဟိုတည့္တည့္က ေစာေစာကသမေအာင္ နယ္ထားေသာ အစာသြပ္မ်ားကို လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာခန္႔ထည့္ၿပီးေနာက္ ဂ်ံဳျပားကို လျခမ္းပံုသ႑ာန္ျဖစ္သြားေအာင္ ပိတ္လိုက္ပါ။ ထို႔ေနာက္ ေလလံုဖို႔ရန္အတြက္ဂ်ံဳအနားသားမ်ားကို လက္ျဖင့္ဖိေပးလိုက္ပါ။ အစာသြပ္မ်ားအားလံုးကုန္သြားသည္အထိ ဖက္ထုပ္မ်ားကို အဆင္သင့္ထုပ္ထားလိုက္ပါ။
၄။ ထို႔ေနာက္ အိုးတစ္လံုးထဲသို႔ ေရ တစ္လက္မအနက္ခန္႔ရေအာင္ ထည့္ထားလိုက္ပါ။ ဖက္ထုပ္ေပါင္းမယ့္ ႀကိမ္ျခင္းထဲသို႔ ေဂၚဖီရြက္အနည္းငယ္ထည့္လိုက္ပါ။ ေဂၚဖီရြက္ မခံထားဘူးဆိုရင္ေတာ့ ဖက္ထုပ္မ်ား ျခင္းထဲမွာ ကပ္ေနပါလိမ့္မယ္။
၅။ ထို႔ေနာက္ ဖက္ထုပ္မ်ားကို ႀကိမ္ျခင္းထဲတြင္ အစီအရီထည့္ၿပီးေနာက္ ေရထည့္ထားေသာ အိုးထဲတြင္အဖံုးပိတ္လ်က္သားျဖင့္ ၅ မိနစ္၊ ၆ မိနစ္ခန္႔ ထည့္ေပါင္း ထားလိုက္ပါ။
၆။ အခ်ိန္ျပည့္သြားၿပီဆိုရင္ေတာ့ဖက္ထုပ္မ်ားကို ပန္းကန္ျပားထဲသို႔ ဆယ္ထည့္ၿပီးေနာက္ ၾကက္သြန္ၿမိတ္ျဖဴးကာ မိမိႏွစ္သက္ရာ အခ်ဥ္၊ ေဆာ့စ္တို႔ျဖင့္ အရသာရွိရွိသံုးေဆာင္ႏိုင္ပါၿပီ။
Source: Garlicandzest.com