အားလုံးပဲ မင်္ဂလာပါ။ အသားကင် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ Air Fryer နဲ့ အလွယ်တကူ လုပ်စားနိုင်တဲ့ ဝက်သားဘာဘီကျူး ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင်
  • ဂျင်း ၁ အောင်စ (အခွံခွာပြီး ပါးပါးလှီးကာ ထောင်းထားပါ)
  • ထောင်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်းခွဲ
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • သခွားသီး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားများကို ပါးပါးလှီးပြီးနောက် အလေးတုံးဖြင့် ပြားနေအောင် ထုပေးလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ပျားရည်၊ ဆန်ရှာလကာရည်နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် ရောမွှေပါ။

ရရှိလာတဲ့ ဆော့စ်ရဲ့ ၃ ပုံ ၂ ပုံကို ဝက်သားပေါ် ဆမ်းထည့်ပြီး သမအောင် နယ်ပါ။ ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားပါ။

၃။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ဝက်သားများကို တုတ်ထိုးလုပ်ဖို့ရန်အတွက် တုတ်ချောင်းများထဲ ထိုးထည့်လိုက်ပါ။

၄။ Air Fryer ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ ထို့နောက် ဝက်သားတုတ်ထိုးများထည့်ကာ ၅ မိနစ်၊ ၆ မိနစ်ခန့် ထည့်ကင်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက ဝက်သားတုတ်ထိုးရဲ့တစ်ဖက်တစ်ချက်စီကို ကျန်ရှိနေသော ဆော့စ်များ သုတ်လိမ်းကာ Air Fryer ထဲတွင် ၂ မိနစ်၊ ၃ မိနစ်ခန့် ပြန်လည်အပူပေးလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားဘာဘီကျူးလေး ရရှိသွားပါပြီ။ ပန်းကန်ပြားထဲ ထည့်ကာ သခွားသီးများနှင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါတယ်။

Air Fryer အသုံးမပြုချင်ပါကလည်း အကင်မီးဖိုဖြင့် အလွယ်တကူကင်ပေးနိုင်ပါသေးတယ်။

Source: Delightfulplate.com