အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ကြက်ဥ Half-Fried ညှပ်ထားတဲ့ ကြက်သွန်ပန်ကိတ် ကြော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၄၁၀ ဂရမ်
  • ရေနွေးပူ ၂၅၀ မီလီလီတာ
  • ရေအေး ၆၀ မီလီလီတာ
  • မြေပဲဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • မြေပဲဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၁ လုံး
  • ချိစ်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့် ၃၄၂ ဂရမ်ကို ရေနွေးပူ ဖြည်းဖြည်းချင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ရေအေး စားပွဲတင်ဇွန်း ၁ ဇွန်းချင်းစီထည့်ကာ ဂျုံမှုန့်လုံး ဖြစ်သွားသည်အထိ နယ်ပေးရပါမယ်။

၂။ ရရှိလာတဲ့ဂျုံလုံးကို စဉ်းနီတုံးပေါ်တင်ပြီး ဆီဖြင့် လုံးပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲပြန်ထည့်ကာ တဘက်အစိုဖြင့် မိနစ် ၂၀၊ မိနစ် ၃၀ ခန့် အုပ်ထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကျန်ရှိနေတဲ့ ဂျုံမှုန့်၊ ဆား၊ မြေပဲဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ မိနစ် ၂၀ ပြည့်ပါက ဂျုံမှုန့်လုံးကို ၆ ပိုင်းပိုင်းလိုက်ပါ။ တစ်ပိုင်းကို ပြန့်သွားအောင် ဖြန့်ပြီးနောက် စောစောက ဆော့စ်ဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ကြက်သွန်မြိတ်ထည့်ကာ လိပ်ပေးလိုက်ပါ။ ထို့နောက် ဝါယာကြိုးခွေပုံသဏ္ဍာန် ရစ်ခွေပေးလိုက်ပါ။ ဒလှိမ့်တုံးဖြင့် ပြားနေအောင် လိပ်ပေးလိုက်ပါ။ ပြီးနောက် အလုံပိတ်ထားသော အိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲတွင် အအေးခံထားလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂျုံလိပ်ပြားလေးထည့်ကာ ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကြက်သွန်မြိတ် ပန်ကိတ်လေး ရရှိသွားပါပြီ။

ကြက်ဥ Half-Fried ညှပ်စားဖို့အတွက်ဆိုရင်တော့ ကြက်ဥ တစ်လုံးကို Half-Fried ကြော်ပြီးနောက် ကြက်သွန်မြိတ်၊ ချိစ်တို့ ဖြူးလိုက်ပါ။ ထို့နောက် ပန်ကိတ်ပြားပေါ်သို့ ကြက်ဥကြော် တင်လိုက်ပါ။ ထိုကြက်ဥကြော်ပေါ်တွင် အခြားပန်ကိတ်နောက်တစ်ချပ် ထပ်တင်ပေးလိုက်ပါ။

ရရှိလာတဲ့ ကြက်ဥညှပ် ကြက်သွန်ပန်ကိတ်ကို အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Omnivorescookbook.com