ပါဝင်ပစ္စည်းများ

  • ထောပတ်သီး – ၂ လုံး
  • ခရမ်းချဉ်သီး – ၂ လုံး
  • ပြောင်ဖူးပြုတ်အသေး – ၁ ဖူး
  • ကြက်သွန်နီဥကြီး – ၁ လုံး
  • သံပုရာရည် – ၁ဇွန်း (စားပွဲတင်ဇွန်း)
  • ရှာလကာရည် – ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • ဟင်းချက်သံလွင်ဆီ – ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • တရုတ်နံနံ – (အနည်းငယ်)
  • ဆား + ငရုပ်ကောင်းမှုန့် – (အနည်းငယ်)

ပြင်ဆင်ပြုလုပ်နည်း

  1. ဇလုံတစ်ခုထဲသို့ ထောပတ်သီးကို အခွံခွာပြီး အတုံးပုံလေးတွေ လှီးထည့်ပါ။ ခရမ်းချဉ်သီး လှီးထည့်ပါ။
  2. ပြောင်းဖူးပြုတ်ကို ချွေထည့်ပါ။ ကြက်သွန်နီ လှီးထည့်ပါ။ (သံပုရာရည် + ရှာလကာရည် +ဟင်းချက်သံလွင်ဆီ = စားပွဲတင်ဇွန်းတစ်ဇွန်းစီထည့်ပါ) ဆားအနည်းငယ်ထည့်ပြီး ငရုပ်ကောင်းမှုန့်အနည်းငယ်ထည့်ကာ တရုတ်နံနံကိုပါးပါးလှီးထည့်၍ ဖြေးညှင်းစွာဇွန်း သို့မဟုတ် ယောင်းမဖြင့်မွှေပြီး အပေါ့အငံမြည်းပါ။
  3. အရသာပေါ့နေပါက ဆားအနည်းငယ် ထည့်ကာ အသင့် စားသုံးနိုင်ပါသည်။
  4. (မှတ်ချက်။ ။ Avocado Salad ကိုလက်ဖြင့်ဖိပြီးနယ်ပါက ထောပတ်သီးနှင့် ခရမ်းချဉ်သီးအရည်များထွက်လာကာ စား၍မကောင်းပါ။ ဇွန်း(သို့)ယောင်းမဖြင့် ဖြေးညှင်းစွာနယ်ရန် လိုပါသည်။)

Credit: ဇွဲသုသု